Guest. It's 03:09 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
iPhoneနဲ့ ယှဉ်ပြိုင်မယ့် Hero မိုဘိုင်းလ်ဖုန်း
Posted on Jul 03 09 - 09:13 AM | Hits : 1760
iPhoneနဲ့ ယှဉ်ပြိုင်မယ့် Hero မိုဘိုင်းလ်ဖုန်း

Googleနှင့် HTCတို့ ပူးပေါင်းပြီး အသစ်ထုတ်လုပ် ရောင်းချမည့် မိုဘိုင်းလ်ဖုန်းသည် Social Networking ၀န်ဆောင်မှုအတွက် အဓိက ရည်ရွယ်ထားကြောင်း သိရသည်။ Heroဟု အမည်ပေးထားသော အဆိုပါ ဖုန်းအတွင်း Google၏ OSဖြစ်သော Androidကို အသုံးပြုထားပြီး ဖုန်း၏ Hardwareစနစ်ကို ဟောင်ကောင်အခြေစိုက် HTCမိုဘိုင်းလ်ကုမ္ပဏီက တာဝန်ယူခဲ့သည်။ Androidသည် ကမ္ဘာ့ပထမဆုံး မိုဘိုင်းလ်ဖုန်း OSအဖြစ် ထင်ရှားသလို ထိုစနစ်အတွက် Googleမှာလည်း ဂုဏ်တက်ခဲ့ရသည်။ HTCမှ တီထွင်သော မိုဘိုင်းလ်ဖုန်းသည် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်များဖြစ်သည့် Facebook၊ Twitter၊ Myspaceတို့အား အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး Flickrကဲ့သို့ File Sharing ၀က်ဘ်ဆိုက်များကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။

Hero

(Social Networking အတွက် ပိုမိုအဆင်ပြေစေမည့် Hero)

အလေးချိန်အားဖြင့် (၄.၇၆)အောင်စသာရှိသည့် Heroမိုဘိုင်းလ်တွင် Touch-screenနည်းပညာ အသုံးပြုရသည့် (၃.၂)လက်မအရွယ် LCD Displayတစ်ခု ပါရှိသည်။ ဖုန်းဘက်ထရီ သက်တမ်းမှာ စကားပြောချိန် မိနစ်ပေါင်း (၄၇၀)ထိ တစ်ကြိမ်အားဖြည့်ထားရုံနှင့် အသုံးပြုနိုင်သည်။ မူလMemory 512MBသာ ပါသော်လည်း MicroSDကတ်ကို 16GBထိ ထပ်ဖြည့်နိုင်မည်ဖြစ်သည်။ ဖုန်းများကို တာဝန်ယူ ရောင်းချပေးမည့် Orangeက Heroကို ဇူလိုင်လ အစောပိုင်းတွင် ဗြိတိန်နိုင်ငံမှ စတင်ဖြန့်ဝေမည်ဟု ကြေညာခဲ့သည်။ ဖုန်းဝယ်ယူလိုသူများသည် အရစ်ကျ စနစ်ဖြင့် ငွေချေနိုင်ပြီး တစ်လလျင် (၃၉.၁၅)ပေါင်ဖြင့် (၂၄)လ ငွေသွင်းပြီး Heroကို ကိုင်ဆောင်နိုင်မည်ဟုလည်း Orangeက ဆိုသည်။ Heroသည် Apple၏ နာမည်ကျော် iPhone 3GSကို ယှဉ်ပြိုင်ရန် ရည်စူးထုတ်လုပ်ထားခြင်းဖြစ်ပြီး Social Networking ၀က်ဘ်ဆိုက်များကို iPhoneကဲ့သို့ပင် LCDမျက်နှာပြင်ပေါ် လက်ဖြင့်ပွတ်တိုက်ရင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Heroတွင် ဂိမ်းများကို Graphicမြင့်မားစွာ ကစားနိုင်မည်ဖြစ်ပြီး အသံသွင်းခြင်းနှင့် အသံထိန်းချုပ်ခြင်း စနစ်များလည်း ကောင်းမွန်သည်ဟု Orangeကဆိုသည်။ အဆိုပါ ဖုန်းတွင် 3.0megapixel ကင်မရာတစ်လုံးလည်း ပါဝင်ကြောင်း သိရှိရသည်။

Source: digital-kaos

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.