Guest. It's 03:08 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အာဖဂန်တောင်ပိုင်းတွင် အမေရိကန်စစ်ဆင်တိုက်ခိုက်မှုစတင်
Posted on Jul 03 09 - 12:29 PM | Hits : 1946
အာဖဂန်တောင်ပိုင်းတွင် အမေရိကန်စစ်ဆင်တိုက်ခိုက်မှုစတင်

အမေရိကန် သမ္မတကြီး ဘာရတ်အိုဘားမား၏ အကြီးမားဆုံး မျှော်လင့်ချက် တစ်ခုဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တို့အား အမြစ်ပြတ်ချေမှုန်းရေး စီမံကိန်းကို ဇူလိုင်လ (၂)ရက်နေ့တွင် စတင်အကောင်အထည် ဖော်လိုက်ပြီဖြစ်သည်။ အာဖဂန်တောင်ပိုင်းရှိ ဟမ်းလန်းပြည်နယ်အတွင်း အမေရိကန် မရိန်းစစ်သည် (၄၀၀၀)နှင့် ရေတပ်သားများသည် အင်အားကြီးမားသော အထူးစစ်ဆင်ရေးတစ်ခု ဆင်နွှဲကာ တာလီဘန်တို့အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ထိုနေ့ နံနက်အစောပိုင်းက အမေရိကန်၏ လက်ရွေးစင် မရိန်းစစ်သည်များက ထိုးစစ်ဆင်နွှဲနေချိန်တွင် အာဖဂန်စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ အင်အား(၆၅၀)တို့က နောက်တန်းတွင် ထောက်ပံ့ကာရံပေးထားသည်။ အမေရိကန် စစ်ဘက်က ဇူလိုင်လ (၂)ရက်နေ့ စစ်ဆင်ရေးသည် စစ်အင်အား ကြီးမားစွာ အသုံးပြုထားသဖြင့် ယခင်စစ်ဆင်ရေးများနှင့် ကွဲလွဲနေကြောင်း ကြေညာခဲ့သည်။ စစ်ဆင်ရေးအတွင်း သေကြေဒဏ်ရာရခဲ့သည့် အမေရိကန်နှင့် တာလီဘန် အရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။



ဟမ်းလန်းတွင် တာလီဘန်သုတ်သင်ရေး ထိုးစစ်ကြီး ဆင်နွှဲခဲ့ပြီးနောက် အလားတူ စစ်ရေးလှုပ်ရှားမှုမျိုးကို အာဖဂန် အရှေ့ပိုင်းတွင် ပြုလုပ်ရန် ကြိုးစားဖွယ်ရှိကြောင်း စစ်တပ်က အရိပ်အမြွက်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နှစ်လကတည်းက အာဖဂန်၏ အကြီးဆုံးပြည်နယ်ဖြစ်သော ဟမ်းလန်းသို့ မရိန်း(၈၅၀၀)ပို့လွှတ်ခဲ့ပြီး ယခုထိုးစစ်အတွက် အရှိန်ယူခဲ့ခြင်းဖြစ်သည်။ အီရတ်မှ အမေရိကန် စစ်တပ်များ ဆုတ်ခွာပြီးနောက် အာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန်စစ်သည် အရေအတွက်သည် ယခုနှစ်ကုန်တွင် (၆၈၀၀၀)ထိ တိုးမြင့်လာမည်ဟု သိရသည်။ (၂၀၀၁)ခုနှစ်နောက်ပိုင်းမှစ၍ (၂၀၀၉)ခုနှစ်သည် တာလီဘန်တို့၏ တုန့်ပြန်တိုက်ခိုက်မှု အင်အားအကြီးဆုံး ဖြစ်လာသည်ကို တုန့်ပြန်သည့်အနေနှင့် ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဖဂန်အခြေစိုက် အမေရိကန် စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များထံ ပြောကြားသွားသည်။

Source: LATimes

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.