အသစ်ရိုက်ကူးမည့် Indian Jonesဇာတ်ကားတွင် မင်းသားရှားလီဘော့ဖ် ဆက်လက်ပါဝင်ဦးမည်ဟု သိရသည်။ မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်က ပညာရပ်နှင့် ပတ်သတ်လျင် ရေဆုံးရေဖျား လိုက်တတ်သည့် မနုဿဗေဒ ပညာရှင်ကြီး အင်ဒီယာနာဂျုံးစ်အဖြစ် သရုပ်ဆောင်ခဲ့သည့် Indiana Jones & The Kingdom of the Crystal Skll”ဇာတ်ကားတွင် လီဘော့ဖ်မှာ ၎င်း၏သား မတ်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ထိုစဉ်ကတည်းက လီဘော့ဖ်ကို သဘောကျမိကြောင်း ဒါရိုက်တာ စတီဖင် စပီးလ်ဘတ်ဂ်က ပြောကြားခဲ့သည်။ ဒါရိုက်တာကြီးက ယခုအခါတွင် နောက်ဇာတ်ကားအတွက် ဇာတ်ညွှန်းခွဲမှု ပြီးစီးသွားပြီဖြစ်သလို စရိုက်ရန်လည်း အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
.jpg)
(နောက်ဆုံးထွက်ရှိခဲ့သည့် Indian Jones ဇာတ်ကားမှာ ဟယ်ရီဆန်ဖို့ဒ်နှင့် ရှားလီဘော့ဖ်)
“ဒီဇာတ်ကားကို သိပ်မကြာခင် စရိုက်မယ်လို့ စတီဖင်က ပြောပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်မှာပါ”ဟု Transformersဇာတ်ကားမှ အဓိကဇာတ်ဆောင် မင်းသားလည်းဖြစ်သူ လီဘော့ဖ်က ပြောကြားခဲ့သည်။ အတည်မပြုနိုင်သော သတင်းများအရ နောက်ဇာတ်ကားတွင် လီဘော့ဖ်၏ ဇာတ်ကောင်ဖြစ်သော မတ်မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ ထိုဇာတ်ကားအား ထုတ်လုပ်သူအဖြစ် တာဝန်ယူမည့် ဂျော့လူးကတ်စ်က “ဇာတ်ကား ဆက်ရိုက်မယ့်အကြောင်း ဟယ်ရီရော၊ ရှားကိုပါ ပြောထားပြီးပါပြီ။ ဒါပေမယ့် ဒီဇာတ်ကား အသစ်မှာ အင်ဒီယာနာဂျုံးစ်ရဲ့သား မတ်ကို ခေါင်းဆောင်နေရာမှာ ထားဖို့လည်း စိတ်ကူးထားပါတယ်။ အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကားကတော့ အဆင်လည်းပြေ၊ အောင်လည်း အောင်မြင်မယ်လို့ ယုံပါတယ်”ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုဇာတ်ကား မည်သည့်အချိန်တွင် စရိုက်မည်ကို အတိအကျ မှတ်ချက်ပေးရန်မူ လူးကတ်စ်က ငြင်းဆိုသွားကြောင်း သတင်းရရှိသည်။
Source: Film.AOL