Guest. It's 01:38 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် အလုပ်သွားရှာမည့်သူများ သတိပြု
Posted on Oct 15 09 - 08:53 AM | Hits : 8406
စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် အလုပ်သွားရှာမည့်သူများ သတိပြု

စင်ကာပူနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်ပြီး အလုပ်ရှာဖွေကာ လူတွေ့စစ်ဆေးမှု အောင်မြင်ပြီးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာန(MOM)မှ ခွင့်ပြုချက်ထုတ်မပေးသဖြင့် နေရပ်ပြန်ရသူများ ရှိလာကြောင်း စင်ကာပူရောက် မြန်မာတချို့က အွန်လိုင်းမှတဆင့် ပြောကြားသည်။ “ကုမ္ပဏီမှာ အင်တာဗျူးအောင်ထားတဲ့ ၉ယောက်ကို MOMမှာ ခွင့်ပြုချက်လျှောက်တာ ၂ယောက်ပဲရတယ်။ ၇ယောက်က အိမ်ပြန်ရတော့မယ်။ အဲဒီအထဲမှာ မြန်မာပြည်က လူတွေလည်းပါတယ်”ဟု စင်ကာပူနိုင်ငံ ဟိုတယ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ စင်ကာပူအစိုးရအနေဖြင့် နိုင်ငံခြားသား အလုပ်သမားဦးရေကို ကန့်သတ်တော့မည့် အစီအစဉ်ကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ အဆိုပါ နိုင်ငံခြားသား အလုပ်သမားဦးရေကို ကန့်သတ်တော့မည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စက်တင်ဘာလ၁၇ရက်တွင် ပြောကြားခဲ့သည်။ စင်ကာပူတွင် နေထိုင်အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမား တစ်သန်းခန့်ရှိနေပြီး၊ ထိုပမာဏမှာ စင်ကာပူနိုင်ငံလူဦးရေ ၄ဒသမ၈၄သန်း၏ ၃၅ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။ အထက်ပါ အစီအစဉ်များ ရှိလာသကဲ့သို့ ယခုအချိန်အခါသည် စင်ကာပူနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ရန် မကောင်းသေးသည့် အချိန်ဖြစ်သဖြင့် လာရောက်လိုသူများအနေဖြင့် သတိထားရမည်ဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက အကြံပြုပြောဆိုကြသည်။

Credit: အောင်သူရ (7Day News Journal, Vol. 8, No. 31)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
Page: 1
ဖြစ်နိုင်ပါတယ်
ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကံပေါ်မှာလည်း မှုတည်သေးတယ်။
commented by : Z: | posted date : 15/10/2009
ဟလို
မီးဆိုတာပူမှန်းသိလျက်နဲ့ကိုင်ကြည့်မှယုံတယ်ဆိုရင်တော့ ကိုယ်တိုင်ကိုင်ကြည့်ပါ။
ပလက်နက်က သတိပေးတာဖြစ်မှာပါ။ လောလောဆယ်ကြံစည်ထားသူများ ရပ်တန့်လိုက်ပါလို့ ထပ်ဆင့်အကြံပေးလိုပါတယ်
commented by : cuteak4 | posted date : 16/10/2009
ဖြစ်နိုင်ပါတယ် လို့ရေးတဲ့ Z ဖတ်ဖို့
ကံကောင်းရင် ဘာမဆိုဖြစ်နိုင်ပါတယ်၊ အော်တိုကတ် ၂ပတ်လောက်တက်ပြီး ကံကောင်းရင် အလုပ်ရနိုင်ပါတယ်။
commented by : APM | posted date : 08/11/2009
Hello
ဟုတ်ပါတယ်။ အဆင်ပြေတဲ့ သူက တော်တော်ကို နည်းပါတယ်။
commented by : laypyaylay | posted date : 19/01/2010

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.