Guest. It's 01:36 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Windows 7 တရားဝင်စတင်ရောင်းချပြီး အောင်မြင်လျက်ရှိ
Posted on Oct 22 09 - 05:54 PM | Hits : 2510
Windows 7 တရားဝင်စတင်ရောင်းချပြီး အောင်မြင်လျက်ရှိ

အောက်တိုဘာ (၂၂)ရက်နေ့ကျမှ အမေရိကန် ပြည်ထောင်စုတွင် တရားဝင်Pakageဖြင့် ပထမဆုံး ရောင်းချခဲ့သော်လည်း Microsoft၏ Operating Systemအသစ် Windows 7သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြီးကြီးမားမား အောင်မြင်လျက်ရှိနေသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကွန်ပျူတာ ဈေးကွက်သည် Windows 7ကို အကြီးအကျယ် မျှော်လင့်နေပြီး တရားဝင် Pakageကို နိုင်ငံတိုင်းတွင် ချမရောင်းနိုင်သေးမီကတည်းက Windows 7ထည့်သွင်းထားသော Laptopများနှင့် PCများအတွက် အမှာစာ အမြောက်အမြားကို လက်ခံရရှိပြီးဖြစ်သည်။ HPနှင့် Best Buyတို့သည် Windows 7စနစ်သို့ Netbookတစ်လုံး၊ PCတစ်လုံး၊ Routerနှင့် Monitorတို့ကို Packageတစ်ခုအဖြစ် ဒေါ်လာ(၁၂၀၀)နှင့် ရောင်းချနေသည်။ ထိုPackageအရ Windows 7အသုံးပြုသူများသည် အိမ်တွင်လည်း ကိုယ်တိုင်စိတ်ကြိုက် Installလုပ်ခွင့် ရရှိမည်ဖြစ်သည်။ ထိုငွေကြေး ပမာဏသည် Appleကုမ္ပဏီ၏ Macbookအမျိုးအစား Laptopတစ်လုံး၏ ဈေးမျှသာရှိရာ Packageကို ၀ယ်ယူသူ အလွန်များပြားနိုင်ကြောင်း CNetက ခန့်မှန်းထားသည်။



Windows 7သည် အစမ်းလည်ပတ် သုံးစွဲမှုများ ပြုလုပ်နေစဉ်ကတည်းက အကြီးအကျယ် နာမည်ရနေသော Operating Systemဖြစ်ပြီး Microsoft၏ နာမည်ပျက်ဖြင့် ကျော်ကြားခဲ့သော Windows Vistaအတွက် အကောင်းဆုံး သိက္ခာဆည်မှုလည်း ဖြစ်လာနိုင်သည်။ ကျွမ်းကျင်သူများက Windows 7သည် ထွက်ရှိပြီးသမျှ Windows စနစ်များအနက် တည်ငြိမ်မှုအရှိဆုံး၊ Errorအနည်းဆုံးအဖြစ် သုံးသပ်ထားသည်။ Onlineမှ အရောင်းအ၀ယ် ပြုလုပ်သော Amazon၀က်ဘ်ဆိုက်ကလည်း သမိုင်းတလျှောက် ကြိုတင်အမှာစာ ပေးပို့မှုစာရင်းတွင် Harry Potter ဇာတ်လမ်းတွဲများက ကြီးစိုးထားရာမှ Windows 7က ယင်းအစဉ်အလာကို ရိုက်ချိုးလိုက်ကြောင်း ကြေညာခဲ့သည်။ Windows 7သည် 32bitရော၊ 64bitပါ အသုံးပြုနိုင်ပြီး Home Premiumနှင့် Professionalဟူ၍ Versionနှစ်မျိုး ရွေးချယ်နိုင်သည်။ Windows 7သည် Vistaမှတဆင့် လွယ်ကူစွာ Upgrade ပြုလုပ်နိုင်ပြီး ပိုမိုပေါ့ပါးသွက်လက်ကာ Featureသစ်များ ဖြည့်ပေးထားသည်။ အမေရိကန်တွင် စတင်ဖြန့်ဖြူးပြီးနောက် နာရီပိုင်းအတွင်းတွင်ပင် ဂျပန်၊ ဗြိတိန်စသော ကမ္ဘာ့နိုင်ငံများတွင် Windows 7ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း Microsoftက ကြေညာသည်။ Windows 7သည် Vistaမှ အရိပ်ဆိုးများကို အပြီးတိုင် ဖယ်ရှားနိုင်ဖွယ်ရှိပြီး ကျွမ်းကျင်သူများက ယိမ်းယိုင်နေသော ကမ္ဘာ့ကွန်ပျူတာ ဈေးကွက်သည် Windows 7ကြောင့် အခြေအနေ ပြန်ကောင်းလာနိုင်ကြောင်း သုံးသပ်ထားသည်။ Windows 7သည် လက်ရှိအချိန်တွင် Softwareအချို့နှင့် မကိုက်ညီသေးခြင်း၊ ဝေဖန်ခန့်မှန်းနိုင်ရန် စောလွန်းသေးခြင်း စသည်တို့ ရှိနေသည့်တိုင် Microsoft၏ ဘုန်းမီးနေလကို ပိုမိုတောက်ပြောင်လာစေမည့် Operating Systemတစ်ခုအဖြစ် တစ်ကမ္ဘာလုံးမှ ပညာရှင်များက တညီတညွတ်တည်း လက်ခံထားကြောင်း သတင်းရရှိသည်။

Source: CNet

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.