Guest. It's 05:15 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ခရစ္စမတ်အားလပ်ရက် အွန်လိုင်းဈေးဝယ်မှု ယမန်နှစ်ကထက်ပိုများမည်
Posted on Nov 28 09 - 12:39 PM | Hits : 1985 | Save as PDF
ခရစ္စမတ်အားလပ်ရက် အွန်လိုင်းဈေးဝယ်မှု ယမန်နှစ်ကထက်ပိုများမည်




အားလပ်ရက် ရာသီအတွင်း Onlineမှတဆင့် ၀ယ်ယူမှုများသည် ယမန်နှစ်ကထက် မြင့်တက်လာမည်ဟု Online ရောင်းဝယ်ရေး ဌာနများက ယုံကြည်နေကြသည်။ အင်တာနက် အသုံးပြုပြီး ဈေးဝယ်ယူမှုသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးသော နိုင်ငံများတွင် တစထက်တစ ခေတ်စားလာနေပြီး အမေရိကန်နှင့် ဥရောပနိုင်ငံ အချို့တို့တွင် သမားရိုးကျ ပစ္စည်းရောင်းချသူများအတွက် အခက်ကြုံနေရသည့် အခြေအနေမျိုးပင် ဖြစ်လာခဲ့သည်။ အင်တာနက် ဈေးကွက်လေ့လာရေး ကုမ္ပဏီ comScoreက ခရစ္စမတ် အားလပ်ရက် ရာသီဖြစ်သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း အမေရိကန်၏ Onlineမှတဆင့် ရောင်းချရသော တန်ဖိုးငွေ ပမာဏသည် ယမန်နှစ်ကထက် (၃)ရာခိုင်နှုန်း တိုးပွားလာနိုင်ကြောင်း ခန့်မှန်းထားသည်။ ထိုပမာဏသည် လည်ပတ်ငွေ တန်ဖိုးအရ ဒေါ်လာ(၂၈.၈)ဘီလျံမျှ ရှိမည်ဖြစ်သည်။

ebay

ယခုတွက်ချက်မှုသည် Macyကဲ့သို့ သမားရိုးကျ အရောင်းအ၀ယ် လုပ်ငန်းများ၏ ၀က်ဘ်ဆိုက်များမှတဆင့် ရောင်းချသော တန်ဖိုးကိုပါ ထည့်သွင်းခန့်မှန်းထားခြင်းဖြစ်သည်။ ခရစ္စမတ်ရာသီ နီးကပ်လာသည်နှင့်အမျှ လူအများ Onlineမှ ၀ယ်ယူမှုတန်ဖိုးသည် တစထက်တစ မြင့်တက်လာမည်ဟု comScoreက ခန့်မှန်းထားသည်။ သို့သော်လည်း Onlineမှ မဟုတ်ဘဲ သမားရိုးကျ ရောင်းဝယ်မှုများသည် ယမန်နှစ်ကထက် (၁)ရာခိုင်နှုန်းမျှ ကျဆင်းသွားနိုင်ကြောင်း အမေရိကန်၏ အကြီးဆုံး ရောင်းဝယ်ကုန်သွယ်မှု လုပ်ငန်းစုကြီးဖြစ်သည့် National Retail Federationက ခန့်မှန်းထားသည်။ အမေရိကန်တွင် Onlineစနစ် သုံးစွဲမှုနှင့် Dataစုဆောင်းမှု နည်းလမ်းများ ကွဲပြားသည့်တိုင် အင်တာနက်ဖြင့် စီးပွားရေး ထူထောင်သည့် eTradeစနစ်သည် တစထက်တစ တိုးတက်လာနေဆဲဖြစ်သည်။ comScoreက အမေရိကန်၏ တစ်လအတွင်း Onlineမှတဆင့် ရောင်းချရမှု တန်ဖိုးသည် အမြင့်ဆုံး အခြေအနေအဖြစ် ယမန်နှစ်တန်ဖိုးထက် (၇)ရာခိုင်နှုန်းထိ ထိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် EBayကဲ့သို့ ကမ္ဘာကျော် Onlineအရောင်းအ၀ယ် ၀က်ဘ်ဆိုက်ကြီးများသည်လည်း အမြတ်ငွေပမာဏ ပိုမိုတိုးတက် ရရှိလာဖွယ် ရှိနေသည်။ အမေရိကန်တွင် အင်တာနက် သုံးစွဲသူဦးရေ များပြားလာသည်နှင့်အမျှ လူအများသည် စူပါမားကက်နှင့် အရောင်းဆိုင်ကြီးများသို့ ဈေးဝယ်ထွက်ရန် စိတ်မပါကြတော့ဘဲ Onlineမှတဆင့် ငွေပေးချေ မှာယူမှုများ ပိုမိုပြုလုပ်လာကြကြောင်းလည်း လေ့လာသူများက ပြောကြားခဲ့သည်။

Source: Yahoo

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
Page: 1
That is real
People are teried of shopping and they prefer home deleviery system for online order.
commented by : humannature | posted date : 28/11/2009

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.