ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ ကြီးမှူးကျင်းပသော The 8th MYANMAR ICT WEEK 2009 အိုင်စီတီပြပွဲကို ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီပေါင်း ၅၀ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲအား ဒီဇင်ဘာလ၂၆ရက်မှ ၃၀ရက်နေ့အထိ ၅ရက်တိုင်တိုင် ရတနာပုံ Cyber Hallတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

The 8th MYANMAR ICT WEEK 2009တွင် Dota ဂိမ်းပြိုင်ပွဲများ၊ ICT Gadget Showများ၊ Stage Showများပါဝင်မည် ဖြစ်သည်။ ရတနာပုံဆိုက်ဘာစီးတီး၌ စတင်ကျင်းပသော ICT ပြပွဲကို ၂၀၀၇ခုနှစ် ဒီဇင်ဘာ၁၄ရက်နေ့တွင် ရတနာပုံတယ်လီပို့ ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။

ယခုအခါတွင် ရတနာပုံဆိုက်ဘာစီးတီး၌ ပြည်တွင်း အိုင်တီကုမ္ပဏီတစ်ချို့နှင့် ပညာရေးဝန်ဆောင်မှုများမှ လုပ်ငန်းများ စတင်လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ရတနာပုံဆိုက်ဘာစီးတီးမှာ မန္တလေးမြို့နှင့် ၂၇မိုင်အကွာတွင်ရှိသော ရတနာပုံမြို့သစ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

Credit - အောင်သူ (Internet Journal, Vol.10, Issue.50)