Guest. It's 02:34 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Apple iPhoneကိုယှဉ်ပြိုင်သွားမည့် Google Nexus One
Posted on Jan 07 10 - 08:09 AM | Hits : 1877
Apple iPhoneကိုယှဉ်ပြိုင်သွားမည့် Google Nexus One

မိုဘိုင်းလ်ဖုန်း ဈေးကွက်ကို ကြီးစိုးထားသော Apple၏ iPhoneအား တိုက်ရိုက်ယှဉ်ပြိုင်သွားရန် ရည်ရွယ်ချက်ဖြင့် Googleက ၎င်းတို့၏ ကုမ္ပဏီပိုင် မိုဘိုင်းလ်ဖုန်းကို ဇန်န၀ါရီလ (၅)ရက်နေ့က တရားဝင် ထုတ်လုပ်ရောင်းချခဲ့သည်။Google Nexus OneNexus Oneဟု အမည်ပေးထားသည့် ဖုန်းအား Googleက Onlineမှတဆင့် ရောင်းချသွားမည်ဖြစ်ပြီး www.google.com/phone ၀က်ဘ်ဆိုက်မှတဆင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းရောင်းချမှုကို T-Mobileက တာဝန်ယူထားပြီး (၂)နှစ်ကြာ စာချုပ်အတွက် (၁၇၉)ဒေါ်လာဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။ ယခုလောလောဆယ်တွင် T-Mobileက ဖုန်းရောင်းချရေး တာဝန်ယူထားသော်လည်း ယခုနှစ်ပိုင်းအတွင်း Verizon Wirelessနှင့် ဗြိတိန်ဈေးကွက်တွင် Vodafoneတို့မှတဆင့် Nexus Oneအား ရောင်းချပေးသွားမည်ဖြစ်သည်။ ဖုန်းအား စာချုပ်မပါဘဲ ၀ယ်ယူပါက (၅၂၉)ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ Nexus Oneတွင် Google၏ Updateအဖြစ်ဆုံး Androidကို Operating Systemအဖြစ် သုံးစွဲထားသည်။ HTCမှ ဖုန်းကိုယ်ထည်အား တာဝန်ယူ ဖန်တီးထားပြီး မြန်နှုန်းမြင့် Processorတစ်ခု ပါဝင်ကာ Touchscreen နည်းပညာကို သုံးစွဲထားသည်။ 5 megapixel ကင်မရာပါဝင်သောဖုန်းသည် ဗီဒီယိုနှင့် ဓာတ်ပုံများအား အရည်အသွေး မြင့်မားစွာ ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း Googleက ပြောကြားထားပြီး GPSစနစ်၊ Headphoneအတွက် Stereo Bluetooth Connectionများလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။ Gee-Whizအမည်ရှိ Featureအရ emailကို ကိုယ်တိုင်မရေးဘဲ ပါးစပ်မှ ပြောဆိုရုံဖြင့် ဖုန်းမှအလိုလို ရေးသားပေးသွားသည်။ ထို့အပြင် Twitterနှင့် Facebookတို့တွင်လည်း Status Updateများကို ကိုယ်တိုင်စာမရိုက်ဘဲ အသံဖြင့်ပင် ပြုလုပ်နိုင်မည်ဖြစ်သည်။ Googleသည် iPhoneအား ယှဉ်ပြိုင်ရန် ယခင်ကတည်းက ကြိုးပမ်းခဲ့ပြီး အဓိက ခြေလှမ်းအဖြစ် မိုဘိုင်းလ်ဖုန်း အသုံးပြု Operating Systemဖြစ်သော Androidအား တီထွင်ခဲ့သည်။ သို့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

Google Nexus One

Nexus Oneကမူ ပိုမိုကောင်းမွန်သော ရလဒ်များ ဆောင်ကြဉ်းပေးလာနိုင်ကြောင်း Forresterသုတေသနဌာနမှ လေ့လာသူ ချာလီစ်ဂိုးလ်ဗင်က ပြောကြားခဲ့သည်။ “Androidဖုန်းတွေထဲမှာတော့ ဒီနေ့အထိ အကောင်းဆုံးဖုန်းပဲ”ဟု ၎င်းကဆိုသည်။ Appleသည် iPhoneအလုံးရေ သန်း(၃၀)မျှကို နိုင်ငံပေါင်း (၁၀၀)ခန့်တွင် ရောင်းချခဲ့ပြီးဖြစ်သည်။ ထို့အပြင် iPhoneနှင့် iPod၀ယ်ယူထားသူများက Applicationများ Downloadရယူမှုမှာ သန်း(၃၀၀၀)ကျော်သွားပြီဖြစ်သည်။

Google Nexus One

Apple၏ Online Storeတွင် Applicaton (၁၀၀၀၀၀)ကျော်ကို အခမဲ့ဖြစ်စေ၊ ငွေပေးသွင်း၍ဖြစ်စေ ရယူနိုင်မည်ဖြစ်သည်။ Androidဖုန်းများအတွက်မူ စုစုပေါင်း Applicationမှာ (၁၀၀၀၀)၀န်းကျင်သာ ရှိနေသေးသည်။ ဂိုလ်းဗင်ကမူ Googleအနေနှင့် Nexus Oneအတွက် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ဖြည့်စွက်ပေးခဲ့လျင် ယခုနှစ်အတွင်း ဖုန်းအလုံးရေ (၂)သန်းမျှထိ ရောင်းချရနိုင်ကြောင်း မှတ်ချက်ပေးထားခဲ့သည်။

Source: USAToday

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.