Guest. It's 03:11 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အန်ဒဲဗားအာကာသလွန်းပျံယာဉ် ဖေဖေါ်ဝါရီလတွင် လွှတ်တင်မည်
Posted on Jan 08 10 - 11:05 AM | Hits : 1260
အန်ဒဲဗားအာကာသလွန်းပျံယာဉ် ဖေဖေါ်ဝါရီလတွင် လွှတ်တင်မည်

အာကာသ လွန်းပျံယာဉ် အန်ဒဲဗားအား လာမည့်လအတွင်း လွှတ်တင်ရန် အသင့်ဖြစ်နေပြီဟု သိရသည်။ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် လွှတ်တင်မည့် အန်ဒဲဗားသည် NASAအဖွဲ့က (၂၀၁၀)ခုနှစ်အတွင်း နောက်ဆုံးလွှတ်တင်ရန် စီစဉ်ထားသည့် အာကာသ ခရီးစဉ် (၅)ခုအနက် ပထမဆုံးဖြစ်သည်။ ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်း ပစ်စင်တွင် ဒုံးပျံအား အသင့်အနေအထား ပြင်ဆင်ထားပြီဖြစ်ပြီး ဖေဖော်ဝါရီလ (၇)ရက်နေ့သည် ရာသီဥတု ခန့်မှန်းချက်များအရ အကောင်းဆုံး၊ အသင့်တော်ဆုံးဟု ယူဆထားကြောင့် အန်ဒဲဗား လွှတ်တင်ရေး စီမံကိန်း ဒါရိုက်တာ ဒါနာဟတ်ချာဆန်က ပြောကြားခဲ့သည်။ မလွှတ်တင်မီ တစ်လခန့်အတွင်း လိုအပ်သော အစီအစဉ်များကို စနစ်တကျ ရေးဆွဲနေကြောင်း၊ လွှတ်တင်ရေး ကိစ္စနှင့် ပတ်သက်ပြီး ကြီးကြီးမားမား စိုးရိမ်စရာ မရှိကြောင်းလည်း ဒါနာက ပြောကြားခဲ့သည်။



လွန်းပျံယာဉ်တွင် လိုက်ပါမည့် ယာဉ်မှူးများအဖြစ် ဦးစီးမှူး ဂျော့ဂ်ျဇမ်ကာ၊ ပိုင်းလော့ တယ်ရီဗာ့စ်၊ ကက်သရင်းဟိုင်ရာ၊ စတီဖင် ရော်ဘင်၊ နစ်ကိုလက်စ်ပက်ထရစ်နှင့် ရောဘတ်ဘန်ခန်တို့အား ရွေးချယ်ထားပြီး ၎င်းတို့သည် ကနေဒီ လေတပ်စခန်းသို့ ဇန်န၀ါရီလ (၁၉)ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်သည်။ ယခုအာကာသ ခရီးစဉ်သည် NASAမှ လွန်းပျံယာဉ် လွှတ်တင်မှုများအနက် အကြိမ်(၁၃၀)မြောက်လည်းဖြစ်သည်။ လွန်းပျံယာဉ်တွင် နိုင်ငံတကာ အာကာသစခန်း ISS၌ အမေရိကန်က တပ်ဆင်ပေးမည် Nod 3ခေါ် နေထိုင်မှု ထောက်ပံ့ရေး ပစ္စည်းများနှင့် ဂီယာစနစ်များအား ပေးပို့ရန်ဖြစ်သည်။ လွန်းပျံယာဉ်သည် ISSသို့ ဇန်န၀ါရီလ (၉)ရက်နေ့တွင် ရောက်ရှိရန် မျှော်မှန်းထားပြီး ယာဉ်မှူး ဘန်ခန်နှင့် ပက်ထရစ်တို့က အာကာသထဲ လမ်းလျှောက်ကာ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် Nod 3အား တပ်ဆင်မည်ဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီလ (၁၂)ရက်နှင့် (၁၅)ရက်နေ့များတွင်လည်း အာကာသအတွင်း လမ်းလျှောက်မှုများ ပြုလုပ်သွားရန် စီစဉ်ထားပြီး ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ISSမှ ပြန်လာကာ နှစ်ရက်အကြာတွင် ကမ္ဘာမြေသို့ ပြန်ရောက်မည်ဟု ခန့်မှန်းထားသည်။ NASAသည် ပိုမိုကောင်းမွန်သော နည်းစနစ်၊ တည်ဆောက်ပုံများဖြင့် တီထွင်ထားသည့် လွန်းပျံယာဉ်များအား လက်ရှိကမ္ဘာပါတ် လွန်းပျံယာဉ်များနေရာတွင် အပြည့်အ၀ အစားထိုးသွားတော့မည်ဖြစ်ပြီး ယခုခရီးစဉ် အပါအ၀င် (၅)ကြိမ်ပျံသန်းပြီးပါက လွန်းပျံယာဉ် အဟောင်းများအား အပြီးတိုင် အနားပေးတော့မည်ဖြစ်သည်။ (၂၀၁၀)ခုနှစ်အတွင်း လက်ရှိသုံးစွဲနေသည့် လွန်းပျံယာဉ်များ နောက်ဆုံးပျံသန်းမည့် ခရီးစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အန်ဒဲဗား - ဖေဖော်ဝါရီလ (၇)ရက်နေ့

ဒစ်စကာဗာရီ - မတ်လ (၁၈)ရက်နေ့

အတ္တလန္တစ် - မေလ (၅)ရက်နေ့

အန်ဒဲဗား - ဇူလိုင်လ (၂၇)ရက်နေ့

ဒစ်စကာဗာရီ - စက်တင်ဘာ (၁၆)ရက်နေ့

Source: CNet

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.