ပြည်တွင်း ကွန်ပျူတာဈေးကွက်သို့ Netbook သုံးစွဲသူအများစု စိတ်ဝင်စားလျက်ရှိသည့် Genuine Windows 7 Operating System ပါဝင်လာပြီဖြစ်သော Netbook အမျိုးအစားများ စတင်ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ Netbook အမျိုးအစားများမှာ Samsungမှထုတ်လုပ်သော N310နှင့် N120တို့ဖြစ်ပြီး Samsung၏ အိုင်တီထုတ်ကုန်များအတွက် မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် Cystem Computerမှ မှာယူတင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ Samsung Notebookတွေနဲ့ Netbook တွေကို စတင်တင်သွင်းတာ သိပ်မကြာသေးပေမယ့် Netbook ဈေးကွက်မှာ သုံးစွဲသူအများစု စိတ်ဝင်စားတာက Windows 7 ပေါ်လာပြီးနောက်ပိုင်းမှာ Netbookတွေမှာ Windows 7 ကို သုံးစွဲလိုတာပဲဖြစ်ပါတယ်။ အဲဒီ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် windows 7 ပါဝင်တဲ့ Samsung Netbook တွေကို မှာယူတင်သွင်းတာ ဖြစ်ပါတယ်”ဟု Cystem Computerမှ ဈေးကွက်တာဝန်ရှိသူတစ်ဦးက ပြောသည်။
တင်သွင်းထားသော Samsung Netbookများတွင် Genuine OS အဖြစ် Windows 7 Starter Edition ပါဝင်မည်ဖြစ်ပြီး Processor အနေဖြင့် Intel Atom N280 ကိုအသုံးပြုထားကြောင်း သိရသည်။ ထို့ပြင် Samsung Notebook အမျိုးအစားများတွင်ပါ Genuine Windows 7 ပါဝင်လာမည်ဖြစ်ရာ လက်ရှိဈေးကွက်အတွင်း ဖြန့်ချိထားပြီးဖြစ်သော Samsung R420 Notebookတွင်လည်း Genuine Windows 7 Home Premium ပါရှိကြောင်း သိရသည်။
Credit - ကိုရဲ (Internet Journal, Vol.11, Issue.2)