Guest. It's 01:33 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
BarCamp Yangon 2010သို့ လာရောက်သူ အလွန်များပြား
Posted on Jan 23 10 - 01:43 PM | Hits : 3497
BarCamp Yangon 2010သို့ လာရောက်သူ အလွန်များပြား

မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် BarCampအဖြစ် BarCamp Yangonကို Myanmar Info-Techတွင် စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။ BarCamp Yangonကို မကျင်းပမီကတည်းကပင် စိတ်ဝင်စားမှု များပြားခဲ့ပြီး ပွဲစတင်သည့်နေ့တွင် လာရောက်သူ အရေအတွက်မှာ BarCamp Yangon စီစဉ်သူများ ခန့်မှန်းထားသည်ထက်ပင် ပိုမိုများပြားခဲ့သည်။

BarCamp Yangon 2010

(BarCamp Yangonသို့ ပညာရှင်၊ ဝါသနာရှင် အများအပြား တက်ရောက်လာသည်ကို တွေ့ရစဉ်) (ဓာတ်ပုံ - ထူးတေဇာ)

BarCamp ပွဲသို့ လာရောက်မည့်သူများအတွက် အွန်လိုင်းတွင် မှတ်ပုံတင်စာရင်းပေးနိုင်ရန် စီစဉ်ပေးထားခဲ့ရာ စာရင်းပေးသူပေါင်းမှာ ၃၀၀၀ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ ထိုအရေအတွက်မှာ ကမ္ဘာတဝှမ်းတွင် ကျင်းပနေကြသည့် BarCampများအနက် လူဦးရေ အများဆုံးအဖြစ် စံချိန်တင်နိုင်သည် ဆို၏။ BarCamp ပွဲကို မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သော်လည်း ပညာရှင်၊ ဝါသနာရှင်များ စိတ်ဝင်တစား လာရောက်ခဲ့ပြီး အလွန်အောင်မြင်ကြောင်း ပွဲလာရောက်သူများက မှတ်ချက်ပြုကြသည်။

BarCamp Yangon 2010

(BarCamp Yangonသို့တက်ရောက်လာသူများ)(ဓာတ်ပုံ - လမင်းနိုင်)

စတင်ကျင်းပသည့်နေ့ နံနက်ပိုင်းတွင် ဘလော့ဂ်ဂါများနှစ်ဦးမှ BarCampအကြောင်း ပြောကြားကြပြီး နိုင်ငံခြားသားတစ်ဦးမှလည်း ဟောပြောခဲ့သည်။ BarCamp Yangon ပွဲပထမနေ့တွင် နည်းပညာ ဖလှယ်သည့်အနေဖြင့် ဟောပြောမည့်သူ ၁၂ဦးခန့် ရှိနိုင်ကြောင်းလည်း သိရသည်။ BarCamp Yangon 2010ကို ဇန်နဝါရီ၂၃ရက်နှင့် ၂၄ရက်တို့တွင် နံနက်၉နာရီမှ ညနေ၅နာရီအထိ ပြုလုပ်သွားမည် ဖြစ်သည်။

BarCamp Yangon 2010

(BarCamp Yangonသို့ တက်ရောက်လာသည့် နိုင်ငံခြားသားအချို့)(ဓာတ်ပုံ - လမင်းနိုင်)

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် Barcamp Yangon 2010ကို မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်းက ကြီးမှူးပြီး မြန်မာ့အိုင်တီနယ်ပယ်မှ Barcamp Organizerများက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ဖြင်း ဖြစ်သည်။

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.