Guest. It's 03:08 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အကယ်ဒမီပွဲတက်ကြမယ့် ကျော်ကြားသူတို့ရဲ့ အစီအစဉ်
Posted on Feb 02 10 - 09:41 AM | Hits : 5806
အကယ်ဒမီပွဲတက်ကြမယ့် ကျော်ကြားသူတို့ရဲ့ အစီအစဉ်

ဖေဖော်ဝါရီ ၆ ရက်နေ့တွင် နေပြည်တော်ရှိ လဟာပြင်ဇာတ်ရုံ၌ ပြုလုပ်မည့် အကယ်ဒမီပေးပွဲအတွက် တစ်ကြိုစာရင်းဝင် အနုပညာရှင်များ အပါအ၀င် ရုပ်ရှင်လောကသားများ အကယ်ဒမီပွဲတက်ရန် စီစဉ်နေမှုများနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး စုံလင်စွာ စုစည်းတင်ဆက်လိုက်ပါသည်။

အဖွဲ့လိုက်သွားကြမယ့် နှင်းဆီရင်ခွင် အဖွဲ့သားများ

“နှင်းဆီရင်ခွင်” အငြိမ့်မှ နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းတို့နှင့် အဖွဲ့သားများအတွက် ပွဲတက်ဝတ်စုံကို ရွှေပိုးအိမ်ပိုးထည်က ဆင်မြန်းပေးမည်ဖြစ်ပြီး အဖွဲ့သားတစ်ဦးဖြစ်သည့် မိုးမိုး လိုက်ပါရန် မသေချာဟု သိရသည်။

ထွန်းအိန္ဒြာဗို

ဒီဇိုင်နာလတ်လတ်ရဲ့ဝတ်စုံ ၀တ်မှာပါ။ မိတ်ကပ်ကတော့ စဉ်းစားတုန်းပဲ။ ၀တ်မယ့်အရောင်က နက်ပြာလို့ ပြောရမလားပဲ။ အပြာကို တော်တော်ရင့်တယ် ထင်တယ်။ ပိုးချည်ပဲ ၀တ်ဖြစ်မလား။ ချိတ်ဝတ်ဖြစ်မလားက လတ်လတ်ရဲ့ အစီအစဉ်ပါပဲ။

ချစ်သုဝေ

ဒီဇိုင်နာ မပုံ့(My Favourite)ရဲ့ ၀တ်စုံဝတ်ဖြစ်ပါတယ်။

မို့မို့မြင့်အောင်

အန်တီမိုးကုတ်ပေါက်ပေါက်က အားလုံးစီစဉ်ပေးမှာဖြစ်ပြီး ဘယ်လိုဒီဇိုင်းပုံစံလဲဆိုတာတော့ မမို့လည်း မသိရသေးဘူး။

အိန္ဒြာကျော်ဇင်

အူဝဲက အူဝဲအစ်မရဲ့ Vivid က ၀တ်စုံပဲ ၀တ်မှာပါ။ မိတ်ကပ်ကို မကြီးစန်းတို့အဖွဲ့က အန်တီမေသန်းနဲ့ လိမ်းမယ်။

မိုးဟေကို

မိုး ဒီနှစ်ပွဲတက်ဖို့ မသေချာသေးပါဘူး။ ခရီးထွက်စရာ ကိစ္စလေး ပေါ်လာလို့ပါ။

မိုးပြည့်ပြည့်မောင်

ဒီဇိုင်နာကိုလေးရဲ့ ၀တ်စုံကို ၀တ်မှာပါ။ အစ်မတို့ လင်မယားနှစ်ယောက်လုံးအတွက် သူပဲပြင်ဆင်ပေးမှာပါ။

မယ်လိုဒီ

မျိုးက ဒီဇိုင်နာယုံယုံးရဲ့ ၀တ်စုံနဲ့တက်မှာပါ။ ပိုးထည်ကို မန္တလေးက နန်းထိုက်ပိုးထည်က ပံ့ပိုးပေးပါတယ်။ မိတ်ကပ်ကို မကြီးစန်းတို့အဖွဲ့က စိမ့်စိမ့်နဲ့ လိမ်းမယ်။

သင်ဇာဝင့်ကျော်

မလတ်လတ်ရဲ့ ၀တ်စုံဝတ်မယ်။ အရောင်ကအနီ။ မိတ်ကပ်ကတော့ ကိုညီညီမောင်(စမ်းချောင်း)နဲ့ လိမ်းမှာပါ။

ချောရတနာ

မလတ်ရဲ့ ၀တ်စုံနဲ့တက်မယ်။ ပန်းရောင်ဝတ်မှာပါ။ ကိုညီညီမောင် (စမ်းချောင်း)နဲ့ မိတ်ကပ်လိမ်းမယ်။

စိုးပြည့်သဇင်

မအိုင်းရစ် ၀တ်စုံဝတ်မယ်။ ခရမ်းနဲ့ ရွှေရောင်ကွပ်ထားတာပါ။ မိတ်ကပ်ကိုတော့ ဘယ်သူနဲ့ လိမ်းဖြစ်မလဲ မသိသေးဘူး။ သီချင်းတစ်ပုဒ် ဆိုဖို့ရှိပါတယ်။

ဝိုင်းစုခိုင်သိန်း

ဒီဇိုင်နာကောင်းမြတ်ရဲ့ ၀တ်စုံဝတ်မယ်။ ကိုညီညီမောင် (စမ်းချောင်း)နဲ့ မိတ်ကပ်လိမ်းမယ်။ သီချင်းနှစ်ပုဒ်ဆိုဖို့တော့ လုပ်ထားပါတယ်။

မိုးယုစံ

ဒီဇိုင်နာ ပြည်စိုးအောင်ရဲ့ဝတ်စုံကို ၀တ်ပါမယ်။ မိတ်ကပ်က မကြီးစန်းနဲ့ လိမ်းမယ်။ ရွှေကံ့ကော်ပိုးထည်တိုက်က ချိတ်ကိုပံ့ပိုးပေးမှာပါ။

ဖူးစုံ

ဒီဇိုင်နာညိုမာသန့်ဝတ်စုံ ၀တ်ပါမယ်။  မိတ်ကပ်က ကိုယ့်ဟာကိုယ်လိမ်းဖြစ်မယ်။

မင်းမော်ကွန်းရဲ့ဇနီး

ကျော်ကျော့်အတွက် တိုက်ပုံက ဗိုလ်ချုပ်ဈေးထဲက လစ်ဘရယ်အပ်ချုပ်ဆိုင်က ပံ့ပိုးပေးပါတယ်။ ပုဆိုးကတော့ ရွှေကံ့ကော်ပါ။ သဉ္ဇာအတွက်တော့ ဘာမှမစီစဉ်ရသေးပါဘူး။

ပြေတီဦး

မန္တလေး ပိုးထည်တိုက်နှစ်ခုက ပွဲတက်ဖို့အတွက် ကမ်းလှမ်းထားတယ်လို့ ပြေတီဦးရဲ့တပည့်ထံမှ သိရပါတယ်။ ဘယ်တိုက်က ၀တ်စုံဝတ်ဖြစ်မယ်တော့ မသိသေးပါတဲ့။

သီရိရှင်းသန့်

ဒီဇိုင်နာရူပါရွှေရဲ့ ၀တ်စုံနဲ့ ပွဲတက်မှာဖြစ်ပြီး ယခုနှစ် ပွဲတက်ခြင်းဟာ သူမအတွက် ပထမဆုံးအကြိမ် ပွဲတက်ခြင်းပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေ

ရွှေပိုးအိမ်ချိတ် ၀တ်ဖြစ်မယ်။ ဒီဇိုင်နာမမဉ္ဇူ (Zu Zu Collection)ရဲ့လက်ရာပါ။ အောင်အောင်(တောင်ကြီး)နဲ့ မိတ်ကပ်လိမ်းမယ်။

မေသက်ခိုင်၊ စန္ဒီမြင့်လွင်

ဒီဇိုင်နာရူပါရွှေရဲ့ လက်ရာဝတ်စုံတွေ ၀တ်မယ်လို့ မရူပါထံက သိရပါတယ်။ သူတို့နှစ်ဦးအတွက် ချိတ်တွေကို မန္တလေးက Sky တော်ဝင်ပိုးထည်က ပံ့ပိုးပေးထားပါတယ်။

ချစ်စနိုးဦး

ဒီဇိုင်နာ ပြည်စိုးအောင်ဝတ်စုံ ၀တ်မှာပါ။ အနက်ရောင်ဝတ်ဖို့ များပါတယ်။ မိတ်ကပ်ကို မကြီးစန်း(ခင်စန်းဝင်း)နဲ့ လိမ်းပါမယ်။

န၀ရတ်

ကမ်းလှမ်းထားတဲ့ ဒီဇိုင်နာကတော့ နှစ်ဦး၊ သုံးဦးရှိတယ်။ ဘယ်သူ့ဝတ်စုံ ၀တ်ဖြစ်မလဲ မသိသေးဘူး။ မိတ်ကပ်က ဘိုဘိုနဲ့လိမ်းမယ်။

သဇင်

သမီးက ဒီဇိုင်နာမမဉ္ဇူ (Zu Zu Collection)ရဲ့ဝတ်စုံကိုဝတ်မှာပါ။ မိတ်ကပ်ကို မိတ်ကပ်စိုးစိုးနဲ့ လိမ်းမှာပါ။  သီချင်းဆိုဖို့လည်း အစီအစဉ်ရှိပါတယ်။

ခင်လေးနွယ်

မပုံ့(My Favourite)ရဲ့ ၀တ်စုံကို ၀တ်မှာပါ။ မိတ်ကပ်က ဘယ်သူနဲ့လိမ်းဖြစ်မလဲ မသိသေးပါဘူး။

Credit: 7Day News Journal, Vol. 8, No. 46

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
Page: 1
XD
သူတို့ဖာသာသူတို့ ဝတ်ချင်တာဝတ်ပေါ့နော်......နို့နဲ့ဘာဆိုင်တာမှတ်လို့... :P
commented by : bLaCkMaN2006 | posted date : 05/02/2010

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.