မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCFမှကြီးမှူး၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း MCPAနှင့် မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်း MCIAတို့ ပူးပေါင်းကာ Myanmar ICT Exhibitionကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ မတ်လ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့နေ ပြည်သူလူထု အနေဖြင့် ကွန်ပျူတာအသုံးချ Software, Hardware, Web Applicationနှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများကို တစ်နေရာတည်းတွင် လာရောက်ကြည့်ရှုနိုင်ရန် ဖြစ်သည်။ ယခင်ကျင်းပခဲ့သော ICT ပြပွဲများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အိုင်တီကုမ္ပဏီများ၊ မိုဘိုင်းဖုန်းဆိုင်များ၊ စာအုပ်ဆိုင်များဖြင့် ပြခန်းပေါင်းများစွာ ပါဝင်ပြသခဲ့သည်။ Myanmar ICT Exhibition 2010နှင့် ပတ်သက်သော အချက်အလက်များကို မကြာမီ် ထုတ်ပြန်သွားမည် ဖြစ်သည်။ ပြည်တွင်း၌ ကျင်းပလေ့ရှိသော ICTပြပွဲများအနက် ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမတွင် ပြုလုပ်သော ပြပွဲများကို အိုင်တီဝါသနာရှင်များ ပိုမိုစိတ်ဝင်စားကြကြောင်းလည်း သိရသည်။
Credit: အောင်သူ (Internet Journal, Vol. 11, No. 5)