Guest. It's 03:14 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
မိုးဟေကိုနဲ့ ၂၀၁၀ အစီအစဉ်
Posted on Feb 03 10 - 02:15 PM | Hits : 6878
မိုးဟေကိုနဲ့ ၂၀၁၀ အစီအစဉ်

၂၀၀၉ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီး တချို့တွင် အဓိက ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်လာသော မိုးဟေကိုသည် ၂၀၁၀ခုနှစ်တွင်လည်း သူမ ပါဝင်ထားသည့် “ရှော့ ရှိတဲ့အချစ်များ” ရုပ်ရှင်ကားကြီးက ရုံတင်ပတ် ၄ပတ်အတွင်း အောင်ပွဲခံလျက် ရှိသည်။ ဇာတ်ကားရိုက်ကူးမှု၊ ကြော်ငြာများတွင် သရုပ်ဆောင်မှုအပြင် မော်ဒယ်ရှိုးများတွင်လည်း မိုးဟေကိုက ပါဝင်လှုပ်ရှားနေသေးသည်။ ၂၀၁၀ ဇန်န၀ါရီ နောက်ဆုံးပတ်အတွင်းတွင် နေနော်၏၀တ္ထုကို ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “နာကျင်မိနစ်” ဗီဒီယိုဇာတ်ကား၌ နေတိုးနှင့်အတူ သရုပ်ဆောင်နေသည့် တိုင်းရင်းသားကျေးရွာရှိ ရိုက်ကွင်းသို့ရောက်ခိုက် မိုးဟေကို၏ လက်ရှိအချစ်ရေးကို မေးမြန်းရာတွင် “အချစ်ရေးအပြောင်း အလဲမရှိပါဘူးနော်။ ဘာကြားလို့လဲ။ မိုးရဲ့သွားလေရာမှာ မိုးမောင်လေးက အမြဲလိုလို ကားမောင်းပို့ ပေးနေတာလေ။ မိုးအခုရိုက်တဲ့ကားမှာ ဆင်းရဲတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရတာပါ။ နေတိုးရယ်၊ မင်းသွေးရယ်၊ မိုးရယ်၊ နောက်မင်းသမီးတစ်လက်ပါတယ်လို့လည်း ပြောတယ်”ဟု မိုးဟေကိုက ပြောသည်။ ရိုက်ကူးရမည့် ဇာတ်ကောင်စရိုက်အတွက် ၀တ်ဆင်ရမည့် အင်္ကျီတချို့ကို သာကေတမြို့နယ်ရှိ အ၀ိုင်းထိပ်တွင် သွားရောက်ဝယ်ယူခဲ့သည်ကိုလည်း တွေ့ရပြီး၊ ၂၀၁၀အတွက် သူမ၏ အစီအစဉ်များကို မေးမြန်းရာတွင် “အကယ်ဒမီပွဲလည်း အခုတက်နိုင်ဖို့ စီစဉ်နေတယ်။ မိုးဖွင့်ထားတဲ့ ဆိုင်လေးတွေအတွက် ပြည်ပကို ရှော့ပင်းထွက်ဖို့ရှိတာကို ပြန်ရွှေ့ရင် ကောင်းမလားမသိဘူး။ အရင်က အကယ်ဒမီပွဲ မတက်တော့ဘူးလို့ပဲ။ ၂၀၁၀မှာတော့ မိုးဇာတ်ကားတွေ ရိုက်ဖြစ်နေမှာပါ”ဟု မိုးဟေကိုက ပြောကြားသည်။

Credit: အေးသူ (7Day News Journal, Vol. 8, No. 47)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
Page: 1
ညကူ
အမကိုအ၇မ်းကြိုက်တယ်။စတိုင်ကလည်းသောက်၇မ်းမိုက်တယ်

commented by : Anonymous | posted date : 13/02/2010

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.