Guest. It's 02:53 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
သီရိလင်္ကာသမ္မတကိုလုပ်ကြံရန် စီစဉ်သူများအား ဖမ်းဆီးထား
Posted on Feb 04 10 - 02:18 PM | Hits : 1163
သီရိလင်္ကာသမ္မတကိုလုပ်ကြံရန် စီစဉ်သူများအား ဖမ်းဆီးထား

သီရိလင်္ကာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များသည် သမ္မတအား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်နေသည်ဟူသော စွပ်စွဲမှုဖြင့် လူ(၃၇)ဦးအား ဖမ်းဆီးထားလိုက်ကြောင်း ထုတ်ပြန်ကြေညာသွားသည်။ ယင်းတို့အနက် အများစုသည် စစ်ဖက်ဆိုင်ရာ အရာရှိကြီးများဖြစ်ကြောင်းလည်း အစိုးရပိုင် အသံလွှင့်ဌာနက ကြေညာသည်။ ထို့အပြင် သမ္မတ မာဟင်ဒါရာဂျာပက်ဆာသည် ဖေဖော်ဝါရီလ (၁)ရက်နေ့ကလည်း ဒါဇင်နှင့်ချီသော စစ်ဖက်အရာရှိများအား မဖြစ်မနေ အငြိမ်းစားယူစေခဲ့သည်။ ပြီးခဲ့သည့်လက မာဟင်ဒါ ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရပြီးနောက် ၎င်းအား လုပ်ကြံရန် စီစဉ်ခဲ့ကြောင်း သတင်းများကို အတိုက်အခံများက ငြင်းဆန်ထားသည်။ မာဟင်ဒါ၏ အတိုက်အခံများက ရွေးကောက်ပွဲ ကော်မရှင်အား မဲလိမ်မှုများရှိနိုင်ကြောင်း ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမှုမှာလည်း ပယ်ချခံထားရသည်။ အဓိက အတိုက်အခံခေါင်းဆောင်ဖြစ်ပြီး တမီလ်ကျားသူပုန်တို့အား အစိုးရက ထိုးစစ်ဆင်ရာတွင် ဦးဆောင်ခဲ့သည့် စစ်ဖက်အကြီးအကဲဟောင်း ဆာရက်သ်ဖွန်ဆီကာ၏ ရုံးခန်းကို ၀င်ရောက်စီးနင်းပြီးနောက် လူ(၂၃)ဦးအား ဖမ်းဆီးခဲ့ကြောင်း သတင်းဌာနများကဆိုသည်။ ဖွန်ဆီကာသည် ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံးသာ ရရှိသဖြင့် မာဟင်ဒါအား အရေးနိမ့်ခဲ့သည်။ အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဂျာယာလက်သ် ဂျေယောဝါဒီနာက မိမိတို့အနေနှင့် မဲရေတွက်မှုများ မှားယွင်းနေသည်ဟု ယုံကြည်ကြောင်း၊ မဲပေးမှုတွင် မရိုးသားမှုနှင့် လျှို့ဝှက်မှုများ ရှိနေနိုင်ကြောင်း BBCသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းက ယခုသမ္မတအား လုပ်ကြံမည်ဆိုသော စွပ်စွဲမှုတွင် ဘုရားကျောင်းတစ်ခုအတွင်း လျှို့ဝှက်စွာ ထားရှိသည့် လက်နက်များအား အစိုးရတပ်ဖွဲ့များက သိမ်းဆည်းမိခြင်းဖြစ်ကြောင်း၊ ယင်းကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီးသည် ဖွန်ဆီကာကို အဓိကထောက်ခံသူ တစ်ဦးဖြစ်ရာ အစိုးရတပ်ဖွဲ့များက ကျောင်းအတွင်းတွင် လက်နက်များ သွားရောက်သိုဝှက်ကာ လီဆယ်အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားသွားသည်။ သတင်းများ၏ အဆိုအရ ယင်းဘုန်းတော်ကြီးသည်လည်း အဖမ်းခံရသူ စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။ အစိုးရက မိမိတို့သည် လူ(၃၇)ဦးအား ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့သလို နောက်ထပ်လူ(၂၀)ကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

Source: BBC

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.