Guest. It's 04:59 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
မြောက်ကိုရီးယားသင်္ဘောအား ဆိုမာလီယာ ပင်လယ်ဓားပြများပြန်ပေးဆွဲ
Posted on Feb 05 10 - 08:14 AM | Hits : 1364
မြောက်ကိုရီးယားသင်္ဘောအား ဆိုမာလီယာ ပင်လယ်ဓားပြများပြန်ပေးဆွဲ

ဖေဖော်ဝါရီလ (၃)ရက်နေ့က မြောက်ကိုရီးယား သင်္ဘောတစ်စင်းအား ဆိုမာလီယာ ပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားကြောင်း ဥရောပယူနီယံ ရေတပ်က သတင်းထုတ်ပြန်ခဲ့သည်။ MV Rimအမည်ရှိ သင်္ဘောသည် အေဒင်ပင်လယ်ကွေ့ရှိ နိုင်ငံတကာ ရေတပ်သင်္ဘောများ လုံခြုံရေးစောင့်ကြပ်နေသည့် ဧရိယာ အပြင်ဖက်တွင် ပြန်ပေးဆွဲခံလိုက်ရခြင်းဟု ဥရောပယူနီယံ ရေတပ်အကြီးအကဲ အန်းဒရက်စ်ကာလင်းက ပြောကြားသွားသည်။ MV Rimတွင် လိုက်ပါလာသော သင်္ဘောသား အရေအတွက် အတိအကျကို မသိရသေးချေ။ ယင်းသင်္ဘောသည် ဆိုမာလီကမ်းလွန်ရှိ နိုင်ငံတကာ ရေတပ်များသို့ တစုံတရာ ဆက်သွယ်အကြောင်းကြားမှု မပြုလပ်ခဲ့ကြောင်း ကာလင်းက ထုတ်ဖော်ပြောဆိုသွားသည်။ ယင်းဒေသရှိ အမေရိကန် စစ်သင်္ဘော USS Porterနှင့် USS Farragutသင်္ဘောမှ ကင်းလှည့်ရဟတ်ယာဉ် တစ်စင်းက MV Rim ပြန်ပေးဆွဲခံရမှု သတင်းအား အတည်ပြုခဲ့သည်။ တန်ချိန်(၄၈၀၀)အလေးချိန်ရှိသော ယင်းသင်္ဘောကို လစ်ဗျားရှိ White Sea Shippingကုမ္ပဏီက ပိုင်ဆိုင်သည်။ မြောက်ကိုရီးယားအလံ လွှင့်တင်လာသော အဆိုပါသင်္ဘောတွင် မည်သည့်နိုင်ငံသား သင်္ဘောသားများ လိုက်ပါလာကြောင်းနှင့် မည်သည့်ကုန်စည် အမျိုးအစားများ တင်ဆောင်လာကြောင်းကို တိတိကျကျ မသိရကြောင်း ဥရောပယူနီယံ တပ်ပေါင်းစုရေတပ်က ကြေညာသည်။ MV Rimသည် (၂၀၁၀)ခုနှစ်အတွင်း ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲမှုကို ခံရသည့် တတိယမြောက် သင်္ဘောလည်း ဖြစ်လာသည်။ ယခုအချိန်တွင် ဆိုမာလီတို့လက်ထဲ ထိန်းသိမ်းခံထားရသည့် သင်္ဘောသား အရေအတွက်မှာ (၁၈၀)ကျော်ရှိနေရာ MV Rimမှ သင်္ဘောသားများပါ ထပ်မံပေါင်းစည်း အဖမ်းခံရခြင်းဖြစ်သည်။ အာဖရိကဦးချိုဒေသ ရေပြင်တွင် ကျက်စားနေသော ပင်လယ်ဓားပြများသည် (၂)နှစ်မျှ ကာလအတွင်း အကြီးအကျယ် သောင်းကျန်းလာသလို ပြန်ပေးငွေ ဒေါ်လာသန်းပေါင်း ရာနှင့်ချီ ရရှိခဲ့ပြီးဖြစ်ကြောင်း ဥရောပယူနီယံက ခန့်မှန်းထားသည်။

Source: WashingtonPost

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.