Guest. It's 02:51 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Avatar ဇာတ်ကား၏ Box Office ရပ်တည်မှု Dear Johnက ရယူနိုင်မည်ခန့်မှန်း
Posted on Feb 06 10 - 11:29 PM | Hits : 1983
Avatar ဇာတ်ကား၏ Box Office ရပ်တည်မှု Dear Johnက ရယူနိုင်မည်ခန့်မှန်း

ဟောလီးဝုဒ် ရုပ်ရှင်ဝေဖန်ရေး သတင်းဌာနများက Avatarဇာတ်ကား၏ သီတင်း(၇)ပါတ်ဆက်တိုက် ၀င်ငွေအများဆုံးအဖြစ် Box Office၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နေမှုကို Dear Johnက အဆုံးသတ်ပေးနိုင်မည်ဟု ခန့်မှန်းသုံးသပ်နေကြသည်။ (၇)ပါတ်အတွင်း ဒေါ်လာ(၂)ဘီလျံကျော်ထိ ရရှိကာ သမိုင်းတလျှောက် ၀င်ငွေအမြင့်ဆုံး ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့သော ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်၏ 3Dရုပ်ရှင်သည် ယခင်စံချိန်ဟောင်း Titanicထက် အနည်းဆုံး ဒေါ်လာသန်း(၆၀၀)ထိ အသာရနေပြီဖြစ်သည်။

Dear John

သို့သော်လည်း လေ့လာသူများက Box Officeတွင် (၁၅)ပါတ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ကာ အချိန်အကြာဆုံးအဖြစ် စံချိန်တင်ထားသည့် Titanic၏ စံချိန်ကိုမူ Avatarအနေနှင့် ကျော်လွန်ရန် ခက်ခဲနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ အထူးသဖြင့် နစ်ကိုလက်စ်စပါ့ခ်၏ ၀တ္ထုကို ရိုက်ကူးပုံဖော်ထားသည့် Dear Johnသည် Avatar၏ ထိပ်ဆုံးနေရာကို စိန်ခေါ်လာဖွယ်ရှိကြောင်း ခန့်မှန်းနေကြသည်။

Avatar

အထူးသဖြင့် Dear Johnသည် ဖခင်နှင့်သား၏ မေတ္တာဘွဲ့ကို ဖော်ကျူးပြီး အချစ်ဇာတ်လမ်းတစ်ခုကိုပါ ရိုက်ကူးထားရာ အထူးပြုလုပ်ချက် Animationများကို ငြီးငွေ့စပြုလာသည့် အမျိုးသမီးပရိသတ်ထုကို အသားပေး ဆွဲဆောင်နိုင်ဖွယ် ရှိနေသည်။ သို့သော်လည်း ယခုသီတင်းပါတ်တွင် ရုံတင်မည့် Dear Johnဇာတ်ကားသည် အော်စကာ(၉)ခုအတွက် ဆန်ခါတင်အဆင့် သတ်မှတ်ခံထားရသည့် Avatarကို ဖြတ်ကျော်နိုင်မည်ဟု ယတိပြတ်ပြောရန် ခက်ခဲသေးကြောင်း လေ့လာသူများက ၀န်ခံခဲ့သည်။ Avatarသည် ရွှေကမ္ဘာလုံးဆုပေးပွဲတွင်လည်း ဒါရိုက်တာဆုနှင့် Dramaဇာတ်ကားဆုတို့ကို ရရှိအောင်ပွဲခံနိုင်ခဲ့သေးသည်။

Source: TehCelebrityCafe

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.