Guest. It's 05:29 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဘရတ်ပစ်ကို ဂျနီဖာအနစ္စတန် ပြန်လက်ခံမည်မဟုတ်
Posted on Feb 08 10 - 11:49 AM | Hits : 2245
ဘရတ်ပစ်ကို ဂျနီဖာအနစ္စတန် ပြန်လက်ခံမည်မဟုတ်

အန်ဂျလီနာဂျိုလီနှင့် ဘရတ်ပစ်တ်တို့၏ ဆက်ဆံရေးအကြား အက်ကြောင်းထင်လာပြီဆိုသော သတင်းများနှင့်အတူ ဟောလီးဝုဒ်မင်းသားသည် ဇနီးဟောင်း ဂျနီဖာ အနစ္စတန်ထံသို့ စိတ်ပြန်လည်လာနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာသည့်တိုင် အနစ္စတန်သည် ပစ်တ်အား လက်ခံတော့မည်မဟုတ်ဟု သူမ၏ မိတ်ဆွေများက ပြောကြားခဲ့သည်။ ပစ်တ်သည် (၂၀၀၅)ခုနှစ်က အနစ္စတန်နှင့် ကွာရှင်းကာ Mr. & Mrs. Smithဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့သည့် ဂျိုလီနှင့် ချစ်သူများဖြစ်နေကြောင်း အတည်ပြု ကြေညာခဲ့သည်။ ယခုအခါ ဂျိုလီနှင့် ပစ်တ်တို့သည် မွေးစားကလေးများ အပါအ၀င် သားသမီး (၆)ဦးထိ ရရှိထားပြီးဖြစ်သော်လည်း မကြာမီ လမ်းခွဲရန် သဘောတူညီထားပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဂျနီဖာကတော့ ပစ်တ်တစ်ယောက် လွတ်လွတ်လပ်လပ် ပြန်ဖြစ်သွားရင်တော့ သူ့ရင်ခွင်ထဲ ပြန်ဝင်ဖို့ စိတ်ကူးမရှိပါဘူး”ဟု အသက်(၄၀)အရွယ် မင်းသမီးနှင့် နီးစပ်သူများကဆိုသည်။ “ဂျနီဖာဟာ ပြီးခဲ့တဲ့ (၅)နှစ်လောက်က သူဟာပစ်တ်ကို တကယ်ချစ်လို့ ပြန်လာမယ်ဆိုရင် စောင့်နေမယ်ဆိုတဲ့ စိတ်ကူးမျိုး ရှိခဲ့တယ်ဆိုတာ ၀န်ခံပြီးသားပါ။ ဒါပေမယ့် ခုချိန်မှာတော့ အခြေအနေက ပြောင်းသွားပါပြီ။ ဂျနီဖာအနေနဲ့ သူ့ဘ၀မှာ ပစ်တ်အတွက် နေရာမပေးသင့်တော့ဘူးဆိုတာ သဘောပေါက်ထားပါတယ်။ ပစ်တ်ကို သူ့ဆီပြန်လာစေချင်မှာ မဟုတ်ပါဘူး။ ဒါဟာ သူ့ကိုစွန့်ပစ်သွားတဲ့ ခင်ပွန်းဟောင်းကို လက်စားချေတာမျိုးလည်း ဖြစ်နိုင်ပါတယ်”ဟု အနစ္စတန်၏ ရင်းနှီးသော သူငယ်ချင်းများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အနစ္စတန်သည် ပစ်တ်နှင့်လမ်းခွဲပြီးနောက် ဂျွန်မေယာ၊ ဂါရတ်ဘတ္တလာတို့နှင့် တွဲခဲ့သေးသော်လည်း ယခုအခါ တစ်ကိုယ်တည်းအဖြစ်သာ နေထိုင်လျက်ရှိသည်။

Source: ShowBizSpy

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.