ဩစေၾတးလ် ဘဏ်ဝန်ထမ်းတစ်ယောက်ရဲ့ အဖြစ်ကတော့ မျက်နှာပူစရာပါပဲ။ ခုသီတင်းပါတ် အစောပိုင်းက သူဟာအလုပ်ချိန်မှာ အင်တာနက်ကနေတဆင့် မီရန်ဒါကားရ်ရဲ့ ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံကို ကြည့်နေခဲ့မိပါတယ်။

ဒါပေမယ့် ကံမကောင်းချင်တော့ သူ့အလုပ်စားပွဲနားက လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ ဩစတြေးလျ စီးပွားရေး အခြေအနေနဲ့ ပတ်သက်တဲ့ အင်တာဗျူးကို TVအစီအစဉ်တစ်ခုအတွက် ဖြေကြားနေမှန်း သူ့ခမျာ မသိခဲ့ပါဘူး။ ဒေးဗစ်ကိုင်လီဆိုတဲ့ Macquarie Private Wealth ဘဏ်ဝန်ထမ်းဟာ သူဘာလုပ်နေတယ်ဆိုတာကို ဩစတြေးလျ တစ်နိုင်ငံလုံးက ရုပ်မြင်သံကြား ပရိသတ်တွေ ကြည့်နေမှန်း မသိဘဲ ရှိနေခဲ့တာပါ။

သူဟာ နောက်တော့မှ လှည့်ကြည့်ပြီး မီရန်ဒါပုံကို ပိတ်လိုက်ပေမယ့်လည်း သူ့ကိစ္စက လူသိရှင်ကြား ဖြစ်သွားခဲ့ပါပြီ။ Pirates of Caribbeanနဲ့ Lord of the Rings ဇာတ်ကားတွေမှာ နာမည်ကျော်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသား အော်ဘန်ဒိုဘလွမ်းရဲ့ချစ်သူ Victoria’s Secretမော်ဒယ်လ် မီရန်ဒါဟာ သူ့ဇာတိနိုင်ငံ ဩစတြေးလျမှာတော့ ပုရိသတို့ စိတ်ကူးယဉ်စရာ အလှနတ်သမီးဆိုလည်း မမှားပါဘူး။ ခုလည်း ကိုင်လီတစ်ယောက် မီရန်ဒါ့ပုံနဲ့ စိတ်ကူးယဉ်လို့ ကောင်းနေတုန်း သူခိုးလူမိ ဖြစ်သွားရှာတာပါ။

ပိုဆိုးတာကတော့ အဲဒီအင်တာဗျူး အစီအစဉ်ကို တစ်ယောက်ယောက် YouTubeဗီဒီယို Saharing၀က်ဘ်ဆိုက်မှာ တင်လိုက်တာပါပဲ။ နာရီပိုင်းအတွင်း သူအရှက်တကွဲ ဖြစ်စေမယ့် ဗီဒီယိုကို လူပေါင်း(၂)သိန်းကျော် ၀င်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ခုချိန်မှာတော့ ကိုင်လီရဲ့ဘဏ်က သူတို့ဝန်ထမ်းကို အလုပ်ထုတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဩစတြေးလျ ဘဏ်ဝန်ထမ်းများ အစည်းအရုံးကတော့ ကိုင်လီကို အလုပ်မထုတ်ဖို့ သူ့ဖက်က မားမားမတ်မတ်ရပ်ပြီး တောင်းဆိုနေပါတယ်။ ရှေ့ပဲကြည့်ပြီး နောက်ကိုကြည့်ဖို့ အာရုံမရခဲ့သူ ကိုင်လီတစ်ယောက် ဘာဆက်ဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။
Source: Yahoo