Guest. It's 03:10 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဂျော့ဂ်ျကလူနီး ပါဝင်ခဲ့သည့် Batman ဇာတ်ကား အညံ့ဆုံးဟုဆို
Posted on Feb 08 10 - 02:44 PM | Hits : 1122
ဂျော့ဂ်ျကလူနီး ပါဝင်ခဲ့သည့် Batman ဇာတ်ကား အညံ့ဆုံးဟုဆို

မင်းသားဂျော့ဂ်ျကလူနီး ပါဝင်သရုပ်ဆောင်ခဲ့သည့် Batman and Robinဇာတ်ကားသည် သမိုင်းတလျှောက် အညံ့ဆုံးရုပ်ရှင်အဖြစ် မဲပေးရွေးချယ်ခံလိုက်ရကြောင်း သိရသည်။ Empireမဂ္ဂဇင်းက ဆန္ဒမဲ ကောက်ခံမှုအရ (၁၉၉၇)ခုနှစ်တွင် ရုံတင်ခဲ့သော အဆိုပါ သိပ္ပံလူစွမ်းကောင်း ဇာတ်ကားကို အညံ့ဖျင်းဆုံးအဖြစ် ပရိသတ်များက မဲပေးခဲ့ကြသည်။ ဒေါ်လာ(၁၄၃)သန်း အကုန်အကျခံ ရိုက်ကူးထားသည့် အဆိုပါဇာတ်ကားတွင် ခရစ်အိုဒေါနယ်လ်နှင့် အူမာသာမန်တို့လည်း ပါဝင်သည်။ ထိုဇာတ်ကားသည် ရုံတင်ပြသကတည်းက လူစွမ်းကောင်းတို့၏ ၀တ်စုံများနှင့် ဇာတ်အိမ်မခိုင်မာမှုတို့ကြောင့် အပြင်းအထန် ဝေဖန်ခံရသည်။ Empireမဂ္ဂဇင်းက သိပ္ပံလူစွမ်းကောင်း ဇာတ်ကားများ၏ လွှမ်းမိုးနိုင်မှုအား ထိုဇာတ်ကားက အလဟဿ ဖြစ်သွားစေကြောင်း ဝေဖန်ရေးသားခဲ့သည်။ ကလူနီးကိုယ်တိုင်ကလည်း ယခင်က ထိုဇာတ်ကားသည် ထင်သလောက်မကောင်းကြောင်း ၀န်ခံခဲ့ဖူးသော်လည်း ယင်းဇာတ်လမ်း၌ ပါဝင်သရုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် နောင်တမရကြောင်း ပြောဆိုခဲ့သည်။ “ဘာဖြစ်လို့ နောင်တရနေမှာတုန်း။ Batmanရော Robinပါ လူသိများပြီးသား Comicဇာတ်ကောင်တွေပါ။ ဒီကားထဲမှာ ကျွန်တော်ပါတယ်။ သရုပ်ဆောင်တာ တော်တော်ညံ့တယ်။ ဒါပေမယ့် ကျေနပ်ပါတယ်”ဟု ကလူနီးကဆိုသည်။ မဲအရေအတွက်အရ Batman & Robinသည် ဒုတိယနေရာတွင် ရှိနေသည့် ဇာတ်ကားထက် မဲ(၃)ဆ ပိုရခဲ့သည်။ ဒုတိယနေရာတွင်မူ မင်းသားဂျွန်ထရာဗိုလ်တာ၏ စိတ်ကူးယဉ် သိပ္ပံဇာတ်ကား Battlefield Earthက ရပ်တည်နေသည်။ (၂၀၀၉)ခုနှစ်က Razzies၏ အညံ့ဆုံးရုပ်ရှင်ဆု၊ အညံ့ဆုံးမင်းသားဆုနှင့် အညံ့ဆုံးဇာတ်ညွှန်းဆုများ ရရှိခဲ့သည့် The Love Guruကမူ တတိယနေရာတွင် ရှိနေကြောင်း သတင်းရရှိသည်။

Source: zimbo

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.