Guest. It's 12:24 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
FHM မဂ္ဂဇင်း၏ ညှို့အားပြင်းစာရင်းတွင် မီဂန်ဖောက်စ်နှင့် ချယ်ရီကိုးလ်ဦးဆောင်
Posted on Feb 09 10 - 11:20 AM | Hits : 2052 | Save as PDF
FHM မဂ္ဂဇင်း၏ ညှို့အားပြင်းစာရင်းတွင် မီဂန်ဖောက်စ်နှင့် ချယ်ရီကိုးလ်ဦးဆောင်




အမျိုးသားကြိုက် မဂ္ဂဇင်းကြီး FHMက (၂၀၁၀)ခုနှစ်အတွက် ညှို့အားပြင်းပြင်း အဆွဲဆောင်နိုင်ဆုံး အမျိုးသမီးဆုအတွက် ဆန္ဒမဲ ကောက်ခံနေဆဲဖြစ်ရာ မီဂန်ဖောက်စ်နှင့် ချယ်ရီကိုးလ်တို့ပင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ PaddyPower လောင်းကြေးဒိုင်က FHM၏ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးဆုအတွက် လောင်းကြေးများဖွင့်ထားရာ (၂၀၀၉)ခုနှစ်က သရဖူဆောင်းထားသည့် ချယ်ရီက (၁/၃)ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ ဗြိတိသျှ အဆိုတော်နှင့် X Factorအစီအစဉ် ဒိုင်အဖြစ် ဆောင်ရွက်နေသည့် အသက်(၂၆)နှစ်အရွယ် ချယ်ရီ၏နောက်တွင် Transformersမင်းသမီး မီဂန်က (၉/၄)ဖြင့် ဒုတိယလိုက်နေသည်။ မီဂန်သည် (၂၀၀၈)ခုနှစ်က FHM၏ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးဘွဲ့ကို ပိုင်ဆိုင်ခဲ့ပြီး ယမန်နှစ်ကမူ ချယ်ရီ၏နောက် ဒုတိယရခဲ့သည်။ Fantastic Fourမင်းသမီး ဂျက်ဆီကာအယ်လ်ဘာကမူ နံပါတ်(၃)အဖြစ် ရေပန်းစားနေပြီး (၁၂/၁)ဖြင့် အလေးပေးခံထားရသည်။ အသက်(၂၈)နှစ် ရှိပြီဖြစ်သည့် ဘရစ်တနီစပီးယားစ်ကိုမူ PaddyPowreက စတုတ္ထနေရာတွင် ကြေးဖွင့်ထားပြီး (၁၄/၁)ဖြစ်သည်။ ကီလီဟာဇယ်လ်ကမူ (၁၆/၁)ဖြင့် ရေပန်းအစားဆုံး (၅)ဦးစာရင်းတွင် ပါဝင်လာခဲ့သည်။ သို့သော်လည်း မကြာသေးမီက Zooမဂ္ဂဇင်း၏ ညှို့အားအပြင်းဆုံး ခန္ဓာကိုယ်ပိုင်ရှင်အဖြစ် ဆန္ဒမဲ ကောက်ခံမှုတွင် ချယ်ရီရော၊ မီဂန်ကိုပါ ကျော်ဖြတ်ကာ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည့် အဆိုတော် ဖရန်ကီဆန်းဖို့ဒ်မှာမူ (၁၈/၁)သာ အလေးပေးမှု ခံခဲ့ရကြောင်း သိရှိရသည်။

Source: bettingpro

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.