Guest. It's 03:31 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဖာဒီနန်အားရွေးချယ်
Posted on Feb 09 10 - 11:32 AM | Hits : 975
အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဖာဒီနန်အားရွေးချယ်

သူ့အနေနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်သစ် ရီယိုဖာဒီနန်ကို အပြည့်အ၀ ကူညီသွားပါ့မယ်လို့ ဂျွန်တယ်ရီက ကတိပေးလိုက်ပါတယ်။ “ရီယိုဟာ ကျွန်တော့်ရဲ့ တာဝန်ကို အကောင်းဆုံး ပခုံးပြောင်း ထမ်းဆောင်နိုင်မယ့်သူဆိုတာ သေချာပါတယ်”လို့ လူမှုရေး အရှုပ်အထွေးတွေကြောင့် အင်္ဂလန် အသင်းခေါင်းဆောင် ရာထူးက နှုတ်ထွက်ပေးလိုက်ရသူ တယ်ရီက ဆိုပါတယ်။ တယ်ရီရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ “တယ်ရီဟာ (၂၀၁၀)ကမ္ဘာ့ဖလားမှာ အသင်းခေါင်းဆောင် မဟုတ်ပေမယ့် အင်္ဂလန်အတွက် အကောင်းဆုံး ပေးဆပ်သွားဖို့ ဆုံးဖြတ်ပြီးသားပါ”လို့ ဗြိတိန်ထုတ် The Sunသတင်းစာကို ပြောသွားခဲ့ပါတယ်။ တယ်ရီဟာ အင်္ဂလန် အသင်းခေါင်းဆောင် လက်ပတ်ကို ဆုံးရှုံးခဲ့ပေမယ့် ဖေဖော်ဝါရီ (၇)ရက်နေ့က စတမ်းဖို့ဒ်ဘရစ်ဂ်ျ ကွင်းကြီးထဲမှာ မဟာပြိုင်ဖက် အာစင်နယ်ကို အနိုင်ယူတဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားဆဲဖြစ်ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင်သစ် ဖာဒီနန်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းအနည်းငယ် ယိမ်းယိုင်နေသလို ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ နားနေရသူပါ။ ဒါပေမယ့် အင်္ဂလန်နည်းပြ ဖေဘီယို ကာပယ်လိုကတော့ အသက်(၃၁)နှစ်အရွယ် ဗဟိုခံစစ်မှူးအပေါ် ယုံကြည်မှု အပြည့်ရှိနေကြောင်း ပြောထားခဲ့ပါတယ်။ တယ်ရီဟာ ချယ်လ်ဆီးနဲ့ အင်္ဂလန် အသင်းဖော်ဟောင်း ၀ိန်းဘရစ်ဂ်ျရဲ့ ချစ်သူဟောင်းနဲ့ ဇာတ်ရှုပ်ပြီး ရလာတဲ့ ကိုယ်ဝန်ကို ဖျက်ချခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အကြီးအကျယ် သိက္ခာကျနေရသူပါ။ အာစင်နယ်နဲ့ပွဲမှာဆို မြို့ခံပြိုင်ဖက်အသင်းရဲ့ ပရိသတ်တစ်ယောက်က Team Bridgeဆိုတဲ့ တီရှပ်ကို ၀တ်ဆင်ပြီး ကလေး(၂)ယောက်ရဲ့ဖခင် တယ်ရီ့ကို လှောင်ပြောင်ရှုတ်ချခဲ့ပါတယ်။ တစ်ဖက်ကလည်း ချယ်လ်ဆီးပရိသတ်တွေက Team Terryဆိုတဲ့ တီရှပ်တွေကို ၀တ်ဆင်ပြီး “စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ အမြဲတမ်းဂိုးသွင်းတဲ့ ဂျွန်တယ်ရီ”ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ တယ်ရီက သူ့အပေါ် အားပေးတဲ့ ချယ်လ်ဆီးပရိသတ်ကို Fly Kissနဲ့ နှုတ်ဆက်ခဲ့ပြီး သူ့နှလုံးသားဟာ ပရိသတ်တွေနဲ့ အတူရှိနေကြောင်း လက်နဲ့သရုပ်ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ ကာလိုအန်ဆလော့တီကလည်း “ဘယ်သူတွေ ဘာပြောပြော တယ်ရီဟာ ကျွန်တော်တို့အတွက် အဖက်ဖက်က ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင် တစ်ယောက်ပါ”လို့ ပြောသွားခဲ့ပါတယ်။ အင်္ဂလန် ပရိသတ်တွေကတော့ တယ်ရီနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် ရာထူးကို စွန့်လွှတ်ဖို့ ဖိအားပေးနေပေမယ့် လက်ရွေးစင် အသင်းမှာတော့ ဆက်ရှိနေစေလိုတဲ့ ဆန္ဒမျိုး ရှိနေကြပါတယ်။ ICMက ကောက်ခံတဲ့ စစ်တမ်းအရ တယ်ရီ့ကို အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် ဆက်ထားသင့်တယ်လို့ မဲပေးသူအရေအတွက် (၄၇)ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမယ့် သူဟာအင်္ဂလန်ကို ကိုယ်စားမပြုသင့်တော့ဘူးလို့ ယုံကြည်သူ အရေအတွက်ကတော့ (၂၉)ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Source: TheSun

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.