Guest. It's 02:54 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
သူမနှင့်တူချင်သည့် တရုတ်အမျိုးသမီးအတွက် ဂျက်ဆီကာစိတ်မကောင်းဖြစ်ရ
Posted on Feb 09 10 - 12:47 PM | Hits : 3323
သူမနှင့်တူချင်သည့် တရုတ်အမျိုးသမီးအတွက် ဂျက်ဆီကာစိတ်မကောင်းဖြစ်ရ

တရုတ်နိုင်ငံမှ အမျိုးသမီးလေးတစ်ဦးက သူမနှင့်တူအောင် မျက်နှာကို ခွဲစိတ်ပြုပြင်မည်ဆိုသော သတင်းများအတွက် စိတ်မချမ်းသာကြောင်း မင်းသမီး ဂျက်ဆီကာအယ်လ်ဘာက ပြောကြားခဲ့သည်။ Fantastic Fourစတား မင်းသမီးလေးက တရုတ်အမျိုးသမီးလေး အနေနှင့် သူမတွင်ရှိနေသော ပင်ကိုယ်အလှကို တန်ဖိုးထားသင့်သည်ဟု သူမစိတ်တွင် ယူဆထားကြောင်း ပြောကြားသွားသည်။ New York Daily သတင်းစာက ပြီးခဲ့သည့် သီတင်းပါတ်အတွင်း အသက်(၂၁)နှစ်အရွယ် တရုတ်အမျိုးသမီးလေး ဇီယိုကွင်သည် ဂျက်ဆီကာနှင့် ရုပ်ချင်းတူအောင် ခွဲစိတ်ရန် ဆရာဝန်များအား အကူအညီ တောင်းခံထားကြောင်း ဖော်ပြခဲ့သည်။



သူမ၏ ချစ်သူက ကျောခိုင်းသွားပြီးနောက် ဇီသည် သူမ၏ချစ်သူ အလွန်နှစ်သက်သည့် မင်းသမီး၏ မျက်နှာမျိုးဖြစ်အောင် ခွဲစိတ်ကာ ကျောခိုင်းသွားသူအား ပြန်လည်ဆွဲဆောင်ရန် ကြိုးစားလာခြင်းဖြစ်သည်။ သူမတို့နှစ်ဦး ချစ်သက်တမ်း တစ်နှစ်ခွဲမျှ ကြာမြင့်ချိန် လွန်ခဲ့သော တစ်လခန့်က သူမ၏ချစ်သူက လမ်းခွဲသွားပြီးနောက် ယခုလို ကြံစည်ခဲ့ခြင်းဟု ဇီက သတင်းထောက်များထံ ၀န်ခံထားသည်။ ဂျက်ဆီကာကမူ ဘ၀တစ်ခုလုံး ပြောင်းလဲသွားစေမည့် ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးကို အလေးအနက် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်မအနေနဲ့ အဲဒီမိန်းကလေးလိုမျိုး ကိုယ့်ဘ၀ကိုယ် ပြောင်းပစ်တာမျိုး ဘယ်တော့မှ မလုပ်ကြပါနဲ့လို့ အကြံပေးပါရစေ။ လူတစ်ယောက်က တစ်ယောက်ကို တကယ်တမ်း ချစ်မြတ်နိုးရင် တခြားဘာနဲ့မှ ဆွဲဆောင်စရာမလိုပါဘူး”ဟု ဂျက်ဆီကာက သူမ၏ အမြင်အား ပြောဆိုသွားသည်။

Source: TheCelebrityCafe

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.