Guest. It's 04:14 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
သီရိလင်္ကာအတိုက်အခံခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်ကြီး အဖမ်းခံရ
Posted on Feb 09 10 - 02:10 PM | Hits : 1059
သီရိလင်္ကာအတိုက်အခံခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်ကြီး အဖမ်းခံရ

သီရိလင်္ကာ လုံခြုံရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် အဓိက အတိုက်အခံခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဆာရက်သ်ဖွန်ဆီကာအား ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် အာဏာရသမ္မတ မာဟင်ဒါရာဂျာပက်ဆာအား အရေးနိမ့်ခဲ့သည့် ဖွန်ဆီကာကို လုံခြုံရေးတပ်ဖွဲ့နှင့် တပ်ထိန်းရဲများက ကိုလံဘိုရှိ ၎င်း၏နေအိမ်တွင် ညပိုင်းအချိန်၌ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဟု ၎င်း၏ အတိုက်အခံ နိုင်ငံရေးပါတီက ကြေညာသည်။ သီရိလင်္ကာရှိ တမီလ်ကျားသူပုန်များအား အပြီးသတ်ထိုးစစ်ဆင်ရာတွင် ဦးဆောင်ခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းမှာ “အစိုးရအား ဆန့်ကျင်ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းမှု ပြုလုပ်ရန် ကြံစည်မှု”ဖြင့် စွဲချက်တင်ခံရဖွယ် ရှိနေကြောင်း အမျိုးသားလုံခြုံရေးဌာန မီဒီယာစင်တာမှ အထွေထွေဒါရိုက်တာ လက်ရှ်မန်ဟူလူဂါလီက သတင်းထောက်များအား ပြောကြားခဲ့သည်။ သီရိလင်္ကာ အစိုးရသည် မကြာသေးမီကတည်းက ဖွန်ဆီကာ၏ အဖွဲ့အစည်းသည် သမ္မတ မာဟင်ဒါအား လုပ်ကြံရန် စီစဉ်ခဲ့ကြောင်း စွပ်စွဲကာ လူပေါင်းများစွာကို ဖမ်းဆီးမှု ပြုလုပ်ခဲ့သေးသည်။ ဖွန်ဆီကာသည် တစ်ချိန်က မာဟင်ဒါ၏ အင်အားကြီး မဟာမိတ်အဖြစ် ရပ်တည်ခဲ့သော်လည်း စစ်တပ်မှနှုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ခွာပြဲသွားသလို ရန်သူများအသွင်ဖြင့် ရပ်တည်လာခဲ့သည်။ ရွေးကောက်ပွဲတွင် သမ္မတမာဟင်ဒါ ပြန်လည်အနိုင်ရပြီးနောက် ဖွန်ဆီကာနှင့် ၎င်း၏ပါတီက မဲလိမ်မှုများ ရှိခဲ့ကြောင်း စွပ်စွဲပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထို့နောက်တွင်တော့ ဖွန်ဆီကာအား အဓိကထောက်ခံသည့် ဘုန်းတော်ကြီးကျောင်း တစ်ခုအတွင်း စစ်လက်နက်များ တွေ့ရှိခဲ့ကြောင်း အစိုးရက စွပ်စွဲကာ ယင်းဘုန်းတော်ကြီး အပါအ၀င် လူပေါင်း(၄၀)ခန့်ကို ပြီးခဲ့သည့်လအတွင်းက ဖမ်းဆီးခဲ့ရာ ဖွန်ဆီကာ၏ ပါတီဝင် အများစု ပါဝင်ခဲ့သည်။ ယခုအခါ ဖွန်ဆီကာ ကိုယ်တိုင်အား အစိုးရက ထိန်းသိမ်းလိုက်ပြီဖြစ်သည်။ ဖွန်ဆီကာသည် ရွေးကောက်ပွဲတွင် အရေးနိမ့်ပြီးနောက် ဟိုတယ်တွင် လုံခြုံရေးတပ်ဖွဲ့များက ၀န်းရံခြင်း ခံထားခဲ့ရစဉ်ကလည်း ၎င်း၏အသက်အန္တရာယ်အတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့ဖူးသည်။ သီရိလင်္ကာ နိုင်ငံရေး အကဲခတ်များက ဖွန်ဆီကာအနေနှင့် သမ္မတအား လုပ်ကြံရန် စီစဉ်မှုတွင် အဓိကညွှန်ကြားသူအဖြစ် တရားစွဲဆို ခံရဖွယ်ရှိကြောင်း ခန့်မှန်းလျက်ရှိနေသည်ဟု သတင်းရရှိသည်။

Source: Time

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.