Guest. It's 04:30 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
လမ်းခွဲသတင်းဖော်ပြနေသည့် မီဒီယာများကို တရားစွဲရန် ပစ်ဂျုလီစုံတွဲစဉ်းစား
Posted on Feb 09 10 - 03:27 PM | Hits : 2504
လမ်းခွဲသတင်းဖော်ပြနေသည့် မီဒီယာများကို တရားစွဲရန် ပစ်ဂျုလီစုံတွဲစဉ်းစား

၎င်းတို့နှစ်ဦး လမ်းခွဲတော့မည်ဆိုသော သတင်းများအား ဖော်ပြနေသည့် မီဒီယာများကို ဥပဒေကြောင်းအရ တရားစွဲသွားရန် ဘရတ်ပစ်တ်နှင့် အန်ဂျလီနာဂျိုလီတို့က စဉ်းစားနေကြောင်း သိရသည်။ ဟောလီးဝုဒ်၏ အကျော်ကြားဆုံး စုံတွဲအနေနှင့် ယခုအခါ ထိုကိစ္စအတွက် ဥပဒေအကျိုးဆောင် အချို့နှင့် တိုင်ပင်ဆွေးနွေးနေကြောင်း TVGuide.comက အတည်ပြု ဖော်ပြခဲ့သည်။

Pitt Jolie

ဗြိတိန်၏ နာမည်ကျော် အတင်းအဖျင်း သတင်းဌာန News of the Worldက ပစ်တ်နှင့်ဂျိုလီတို့သည် ကွာရှင်းပြတ်စဲမှုဆိုင်ရာ ကျွမ်းကျင်သည့် ဥပဒေ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးနေကြောင်းနှင့် လမ်းခွဲပြီးချိန်တွင် ကလေး(၆)ဦးအား ခွဲဝေအုပ်ထိန်းခွင့်အတွက် ညှိနှိုင်းနေကြောင်း ဖော်ပြခဲ့ရာမှ ၎င်းတို့၏ လမ်းခွဲမည့်သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ရသည်။ ပစ်တ်တို့စုံတွဲ၏ ဥပဒေအကြံပေးအရာရှိ ကိသ်ရှီလင်းစ်သည် ယခုသီတင်းပါတ်အတွင်း လန်ဒန်မြို့တော်သို့ သွားရောက်ကာ သတင်းစာအား တရားစွဲလိုကြောင်း တရားရုံးတွင် အဆိုတင်သွင်းသွားမည်ဟု သိရသည်။

Pitt Jolie

၎င်းက “ခုကိစ္စအတွက် ကျွန်တော်တို့က News of the Worldကို ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်မျိုး တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ကိုယ်စားလှယ်ကို မတွေ့ခဲ့ပါဘူး။ နောက်ပြီးတော့ ဒီမှားယွင်းတဲ့ သတင်းနဲ့ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေအတွက် တောင်းပန်ဖို့လည်း ငြင်းထားပါတယ်။ ဒါကြောင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို စော်ကားပြီး အသရေဖျက်တဲ့ သတင်းစာတိုက်ကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်သွားမှာပါ။ လိုအပ်တဲ့ အစီအစဉ် အားလုံးကိုလည်း ကျွန်တော်တို့တွေ လုပ်ထားပြီးပါပြီ”ဟု ရှီလင်းစ်က သတင်းထောက်များအား ပြောကြားသွားသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ပစ်တ်နှင့်ဂျိုလီတို့၏ ကိုယ်စားလှယ်များက တစုံတရာ မှတ်ချက်မပြုသေးကြောင်း သတင်းရရှိသည်။

Source: seattlepi

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.