Guest. It's 05:27 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အီးယူအဖွဲ့က Google Street Viewနှင့် ပတ်သက်၍ သတိပေး
Posted on Mar 01 10 - 11:15 AM | Hits : 1371
အီးယူအဖွဲ့က Google Street Viewနှင့် ပတ်သက်၍ သတိပေး

ဥရောပယူနီယံ (EU)မှ Privacyဆိုင်ရာ အချက်အလက် လေ့လာစောင့်ကြည့်ရေး တာဝန်ရှိသူများက Googleအနေနှင့် Street Viewအတွက် မြို့တော်များ၏ နေရာအနှံ့တွင် ကင်မရာရိုက်ကူးမှုများ မပြုလုပ်မီ လူထုကို ကြိုတင်အသိပေးရန် သတိပေးလိုက်ကြောင်း သိရသည်။ Google၏ မြေပုံစနစ်ဖြစ်သော Street Viewမှာ Privacyဆိုင်ရာ အငြင်းပွားမှုများနှင့် ယခင်ကတည်းက မကြာခဏ ကြုံတွေ့နေခဲ့ရပြီးဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် အခြေစိုက်သည့် Googleက ၎င်းတို့သည် ကင်မရာများကို စတင်ရိုက်ကူးခါနီးတိုင်း ၀က်ဆိုက်တွင် Notificationပြုလုပ်လေ့ရှိကြောင်း ပြောဆိုထားသည်။

Google

EUက Googleအနေနှင့် ၎င်းတို့ရိုက်ကူးသော ဓာတ်ပုံများအတွက် တရားမျှတမှုနှင့် Privacyလုံခြုံမှုများကို တာဝန်ယူပေးရမည်ဟုလည်း တောင်းဆိုထားသည်။ Googleသည် Street Viewကို (၂၀၀၇)ခုနှစ်က အမေရိကန်တွင် ပထမဆုံး စတင်ခဲ့ပြီး လမ်းကြိုလမ်းကြားပါမကျန် Real-Lifeပုံရိပ်များကို ရိုက်ယူခဲ့သည်။ သို့သော်လည်း အထူးပြုလုပ်ထားသော Softwareများ အသုံးပြုကာ ကားလိုင်စင်နံပါတ်များ၊ ဓာတ်ပုံအတွင်းရှိ လူများ၏ မျက်နှာများကို ခပ်ဝါးဝါး ပြုလုပ်ကာ Privacyအတွက် ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ Googleသည် အဆိုပါ Street Viewကို ဥရောပတွင်လည်း အကောင်အထည် ဖော်ခဲ့ပြီးနောက် ကန့်ကွက်မှုများ မြင့်တက်လာခဲ့သည်။ ထိုကိစ္စအတွက် Googleအား ဂရိ၊ ဂျာမန်နှင့် ဗြိတိန်တို့က ကန့်ကွက်သတိပေးမှုများ ပြုလုပ်ပြီးဖြစ်သည်။ EUတရားရေးကော်မရှင်နာ ဗီဗီယန်ရီူဒင်းက EUအနေနှင့် Privacyဆိုင်ရာ အချက်အလက် ထိန်းသိမ်းမှုကို မြင့်မြင့်မားမား သတ်မှတ်ထားကြောင်း၊ Googleသည် Street Viewအတွက် ယင်းစည်းမျဉ်းများနှင့် ကိုက်ညီအောင် အာရုံစိုက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

Source: Yahoo

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.