Guest. It's 05:41 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဒေးဗစ်ဗီလာအား ဘာစီလိုနာအသင်းမှ ခေါ်ယူရန်စီစဉ်
Posted on Mar 03 10 - 02:32 PM | Hits : 630
ဒေးဗစ်ဗီလာအား ဘာစီလိုနာအသင်းမှ ခေါ်ယူရန်စီစဉ်

ဘာစီလိုနာအသင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလ၏ အဓိကပစ်မှတ်အဖြစ် ဒေးဗစ်ဗီလာအား ချိန်ရွယ်ထားကြောင်း သိရှိရသည်။ ကာတာလန် သတင်းစာ Sportက ယမန်နှစ် ဖလား(၃)လုံး ချန်ပီယံ ထိပ်သီးအသင်းကြီးသည် စပိန်လက်ရွေးစင် တိုက်စစ်မှူးအား အခြားသော ဥရောပထိပ်သီး အသင်းများနှင့်အပြိုင် ကမ်းလှမ်းသွားမည်ဟု ဖော်ပြခဲ့သည်။ နည်းပြ ပက်ပ်ဂွာဒီယိုလာရော၊ နည်းစနစ်ဒါရိုက်တာ တက်စီကီ ဘီဂရင်စတိန်းတို့ နှစ်ဦးလုံးကလည်း အသက်(၂၈)နှစ်ရှိ တိုက်စစ်မှူးအား သဘောကျကြောင်း ပြောဆိုခဲ့ဖူးသည်။ ဘာစီလိုနာသည် ကင်မရွန်းတိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူးအစား အင်တာမီလန်မှ ဇလာတန်အီဗရာမိုဗစ်အား ခေါ်ယူအားဖြည့်ထားသော်လည်း နံပါတ်(၉)၀တ်ဆင်ခွင့်ရသည့် ဆွီဒင်လက်ရွေးစင်မှာ ထင်သလောက် ခြေစွမ်းမပြနိုင်ဟု ဘာစီလိုနာ တာဝန်ရှိသူများက ယူဆနေသည်။ ထို့ကြောင့် တိုက်စစ်တွင် ဗလန်စီယာမှ ဂိုးသွင်းစက် ဗီလာအား ဖြည့်တင်းလိုက်ခြင်းဖြင့် လီယွန်နယ်မက်ဆီ၊ ဗီလာနှင့် အီဗရာမိုဗစ်တို့၏ သုံးပွင့်ဆိုင်အားဖြင့် ဥရောပတွင် ကြောက်စရာအကောင်းဆုံး ထိုးစစ်ကို ထူထောင်နိုင်မည်ဟု မျှော်လင့်ထားသည်။ ဘာစီလိုနာသည် ဘယ်တောင်ပံ တိုက်စစ်တွင် သီအာရီအွန်နရီ ရှိနေသော်လည်း ထိုနေရာအတွက် အပြည့်အ၀ အားရကျေနပ်ခြင်းမရှိချေ။ ထို့ကြောင့်လည်း ဗီလာအပြင် ဗလန်စီယာ ကစားသမားများပင် ဖြစ်ကြသော ဒေးဗစ်ဆေးလ်ဗားနှင့် ဂျူအန်မာတာ၊ ပေါ်တူဂီကလပ် ဘင်ဖီကာမှ အိန်ဂျယ်လ်ဒီမာရီယာနှင့် ဂျာမန်ကလပ် ဘေယန်မြူးနစ်မှ ဖရန့်ခ်ရစ်ဘာရီတို့ကိုလည်း စောင့်ကြည့်နေသည်။ ဗီလာအနေနှင့် ဘာစီလိုနာသို့ ရောက်လာပါက အွန်နရီ၏ ဘယ်ခြမ်းတိုက်စစ်တွင်သာမက ဗဟိုထိုးစစ်မြှားဦးတွင်လည်း အီဗရာမိုဗစ်နှင့် တစ်လှည့်စီ တာဝန်ယူသွားဖွယ် ရှိနေသည်။ ဗီလာသည် ယခုနှစ်တွင် စပိန်လာလီဂါ၌ (၁၇)ဂိုး သွင်းထားပေးပြီးဖြစ်ကာ ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ်စသည့် အသင်းကြီးများက စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံနေရသည်။ ဗလန်စီယာအသင်းက ၎င်းတို့ ဇာရာဂိုဇာမှ ယူရို(၁၀)သန်းကျော်ဖြင့် ခေါ်ယူထားသည့် တိုက်စစ်မှူးအား ယူရိုငွေသန်း(၅၀) ဈေးခေါ်ထားကြောင်း သတင်းရရှိသည်။

Source: Goal

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.