Guest. It's 04:58 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ရလဒ်များ (မတ် ၉-၁၀)
Posted on Mar 11 10 - 10:02 AM | Hits : 1024
ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ရလဒ်များ (မတ် ၉-၁၀)

မတ်လ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့ည ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်များအပြီး အင်္ဂလန် ထိပ်သီး(၂)သင်းဖြစ်သော မန်ချက်စတာ ယူနိုက်တက်နှင့် အာစင်နယ်တို့သည် ပြိုင်ဖက်များကို ဂိုးပြတ်ဖြင့် အသီးသီးအနိုင်ယူကာ နောက်တစ်ဆင့် တက်သွားခဲ့ပြီဖြစ်သည်။ အာစင်နယ်သည် ပထမအကျော့ ပေါ်တိုကို (၂-၁)ဖြင့် အရေးနိမ့်ထားသော်လည်း အိမ်ကွင်းတွင် နစ်ကလက်စ်ဘန်တနာ တစ်ဦးတည်းက (၃)ဂိုးသွင်းကာ (၅)ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

Champion League 2010

(မန်ယူ၏ ယခင်နှင့်လက်ရှိ သူရဲကောင်းနှစ်ဦး ရင်ဆိုင်အတွေ့)

ယမန်နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့သော အင်္ဂလန်ချန်ပီယံ ယူနိုက်တက်မှာ ပထမအကျော့ အဝေးကွင်းတွင် (၃-၂)ဖြင့် အနိုင်ရထားသော အီတလီထိပ်သီး အေစီမီလန်ကို အိုးလ်ထရက်ဖို့ဒ်တွင် (၄)ဂိုးပြတ် သွင်းယူကာ နောက်တစ်ဆင့်သို့ သက်သောင့်သက်သာ ရောက်ရှိသွားသည်။ အင်္ဂလန် တိုက်စစ်မှူး ၀ိန်းရွန်နီသည် အေစီနှင့် နှစ်ကျော့တွင် စုစုပေါင်း (၄)ဂိုးထိ သွင်းယူခဲ့သည်။ ရီးယဲလ်မက်ဒရစ်မှာမူ ပထမအကျော့ ရှုံးထားသည့် အိုလံပစ်လိုင်ယွန်အား သရေသာ ကစားနိုင်သဖြင့် ယခုအဆင့်မှပင် ကျောခိုင်းထွက်ခွာခဲ့ရသည်။

Champion League 2010

(ဝေဖန်မှုများအား Hat-Trickသွင်းဂိုးဖြင့် ချေဖျက်ပြခဲ့သူ နစ်ကလက်စ်ဘန်တနာ)

ယင်းသည် ချန်ပီယံလိဂ်၏ အစဉ်အလာ အကြီးဆုံး ကလပ်အသင်းအတွက် (၆)နှစ်ဆက်တိုက် ယခုအဆင့်မှ ထွက်ရခြင်းဖြစ်သည်။ ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်မှာမူ အီတလီကလပ် ဖီအိုရင်တီးနားကို အရေးနိမ့်ခဲ့သည့်တိုင် အဝေးဂိုးစည်းမျဉ်းအရ နောက်တစ်ဆင့် တက်ခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ ရလဒ်များ

အာစင်နယ် ၅ - ၀ ပေါ်တို

ဖီအိုရင်တီးနား ၃ - ၂ ဘေယန်မြူးနစ်

မန်ချက်စတာယူနိုက်တက် ၄ - ၀ အေစီမီလန်

ရီးယဲလ်မက်ဒရစ် ၁ - ၁ အိုလံပစ်လိုင်ယွန်

Source: LiveScore

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.