Guest. It's 05:12 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
မြန်မာသင်္ဘောသားများပါဝင်သော သင်္ဘောအား ဆိုမာလီဓားပြများ ပြန်ပေးဆွဲ
Posted on Mar 12 10 - 10:39 AM | Hits : 2274
မြန်မာသင်္ဘောသားများပါဝင်သော သင်္ဘောအား ဆိုမာလီဓားပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသားသင်္ဘောသား ၂၁ဦးပါရှိသော ဓာတုပစ္စည်းတင် သင်္ဘောတစ်စီးကို ဆိုမာလီဓားပြများက ပြန်ပေးဆွဲထားလိုက်ပြီဖြစ်ကြောင်း နော်ဝေနိုင်ငံသား သင်္ဘောပိုင်ရှင်က မတ်လ၆ရက်တွင် အတည်ပြုပြောကြားလိုက်သည်။ သင်္ဘောသည် မတ်လ၅ရက်(သောကြာနေ့) အစောပိုင်းက တန်ဇန်နီးရားနိုင်ငံသို့ရောက်ရန် မိုင်၃၀၀အလိုတွင် ဆိုမာလီဓားပြများ၏ ပြန်ပေးဆွဲခြင်းကို ခံရခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ သင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သင်္ဘောပိုင်ကုမ္ပဏီမှ စီအီးအို ဆန့်ပီဒါဆန်က ပြောကြားသည်။ “ကပ္ပတိန်က သင်္ဘောပေါ်မှာ ဓားပြတွေရောက်နေပြီလို့ ဆက်သွယ်ပြီးပြောတယ်။ အဲဒီအချိန်ကစပြီး အဆက်အသွယ် ပြတ်တောက်သွားတယ်”ဟု ပီဒါဆန်က ပြောကြားသည်။ သင်္ဘောသည် တန်၉၀၀၀ တင်ဆောင်နိုင်သော သင်္ဘောအမျိုးအစားဖြစ်ပြီး၊ လောင်စာဆီများ တင်ဆောင်ကာ အာရပ်စော်ဘွားများနိုင်ငံမှ တန်ဇန်းနီးရားသို့ ဦးတည်မောင်းနှင်လာပြီး လိုရာခရီးသို့ရောက်ရန် မိုင်၃၀၀အလိုတွင် ယခုကဲ့သို့ ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

သင်္ဘောပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်အောင် သက်ဆိုင်ရာအာဏာပိုင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အလေးထားဆောင်ရွက်နေကြောင်း သင်္ဘောကုမ္ပဏီမှ တာဝန်ရှိတစ်ဦးက ပြောသည်။ မတ်၆ရက်(သောကြာနေ့)မှာပင် အီးယူပင်လယ်ဓားပြဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သော ပြင်သစ်ရေပြင်စောင့် စစ်တပ်အနေနှင့် အဆိုပါပြန်ပေးဆွဲမှုနှင့် ဆက်စပ်နိုင်သည်ဟု သံသယရှိသော ပင်လယ်ဓားပြ၂၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့် ၂၀၀၉ခုနှစ် တစ်နှစ်အတွင်းမှာပင် ဆိုမာလီဓားပြများသည် နိုင်ငံတကာသင်္ဘော ၆၈စင်းကို ပြန်ပေးဆွဲခဲ့ပြီး ပြန်ရွေးငွေပေါင်း အမေရိကန်ဒေါ်လာ သန်း၆၀ရရှိခဲ့သည်။

Credit: အေးမြကျော် (7Day News Journal)

Ref: AP&AFP

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.