ပြီးခဲ့သည့် သီတင်းပါတ်က အမေရိကန် Box Office၏ ရုံဝင်ကြေး အမြင့်ဆုံး ဇာတ်ကားများစာရင်းတွင် Alice in Wonderlandက ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။ ဒါရိုက်တာ တင်ဘာတန်၏လက်ရာ ကာတွန်းဇာတ်ကားသည် တစ်ပါတ်အတွင်း ဒေါ်လာ(၆၂)သန်း ၀င်ငွေရရှိခဲ့သည်။ ထို့ကြောင့်လည်း ရုံတင်ပြီး နှစ်ပါတ်မျှ ကြာသည့်အချိန်တွင် Walt Disneyမှ တင်ဆက်သည့် ရုပ်ရှင်ဇာတ်ကား၏ စုစုပေါင်း ၀င်ငွေမှာ ဒေါ်လာ(၂၀၈.၆)သန်း ရှိလာပြီဖြစ်သည်။

ဂျွန်နီဒိပ်နှင့် မက်ဟက်တာတို့ ပါဝင်ထားသော Animationဇာတ်ကား၏ နောက်တွင် အီရတ်စစ်ပွဲရုပ်ရှင် Green Zoneက ဒုတိယလိုက်နေသည်။ မတ်ဒေမွန် ပါဝင်သည့် ဇာတ်ကားမှာ NBCမှ စီစဉ်ခြင်းဖြစ်ပြီး တစ်ပါတ်အတွင်း ဒေါ်လာ(၁၄.၅)သန်း ရရှိခဲ့သည်။ တတိယနေရာတွင်မူ She’s Out of My Leagueက ရှိနေပြီး Twilightမင်းသား ရောဘတ်ပက်တင်ဆန်၏ Remember Meကမူ စတုတ္ထအဖြစ် ရပ်တည်နေသည်။ ထိပ်ဆုံး(၅)ကားစာရင်းတွင် နောက်ဆုံးပါဝင်နေသည်မှာ မင်းသားလီယိုနာဒို ဒစ်ကာပရီယို ပါဝင်သော The Shutter Islandဖြစ်သည်။ ပြီးခဲ့သော သီတင်းပါတ်ကုန်က Box Office၏ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား (၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
Alice in Wonderland … ဒေါ်လာ (၆၂)သန်း
Green Zone … ဒေါ်လာ (၁၄.၅)သန်း
She’s Out of My League … ဒေါ်လာ(၉.၆)သန်း
Remember me … ဒေါ်လာ(၈.၂၈)သန်း
Shutter Island … ဒေါ်လာ (၈.၁၄)သန်း
Our Family Wedding … ဒေါ်လာ (၇.၆)သန်း
Avatar … ဒေါ်လာ (၆.၆)သန်း
Brookyln’s Finest … ဒေါ်လာ (၄.၂၉)သန်း
Cop Out … ဒေါ်လာ (၄.၂၃)သန်း
The Crazies … ဒေါ်လာ (၃.၆၅)သန်း
Source: BoxOfficeMojo