Guest. It's 12:12 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
မြန်မာနှစ်ဦးရေးဆွဲထားသော iPhone Game
iPhone အမျိုးအစားအားလုံးတွင် ကစားနိုင်သည့် Pure Turbo Puzzle Match 3 ဂိမ်းအမျိုးအစားအား အမေရိကန်နိုင်ငံ Apple Store တွင် ယခုလ၆ရက်မှ စတင်ရောင်းချခဲ့ပြီး ရောင်းချသည့် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၀ဒသမ၉၉ ဖြစ်သည်
Posted on Jul 02 10 - 05:43 PM | Hits : 5124
မြန်မာနှစ်ဦးရေးဆွဲထားသော iPhone Game

အမေရိကန်နိုင်ငံရှိ Apple အမှတ်တံဆိပ် နည်းပညာပစ္စည်းများကို ရောင်းချသည့် Apple Storeတွင် မြန်မာပညာရှင်နှစ်ဦး ရေးဆွဲထားသော iPhone များတွင်သာကစားနိုင်သည့် ဂိမ်းအမျိုးအစား တစ်မျိုးသည် စတင်ရောင်းချချိန်မှစ၍ ယခုအချိန်အထိ အရေအတွက်၃၀ကျော် ရောင်းချခဲ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးထံမှသိရသည်။ ယင်းဂိမ်းကို Game Designerနှင့် Game Developer နှစ်ဦးက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ iPhone အမျိုးအစားအားလုံးတွင် ကစားနိုင်သည့် Pure Turbo Puzzle Match 3 ဂိမ်းအမျိုးအစားအား အမေရိကန်နိုင်ငံ Apple Store တွင် ယခုလ၆ရက်မှ စတင်ရောင်းချခဲ့ပြီး ရောင်းချသည့် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၀ဒသမ၉၉ ဖြစ်သည်။


Pure Turbo Puzzle Match 3

ရည်ရွယ်ချက်မှာ iPhoneများတွင်ကစားနိုင်သည့် အဆိုပါဂိမ်းသည် ရှုပ်ထွေးနိုင်သည့် ဂိမ်းအမျိုးအစားများကို မကစားလိုသောသူများနှင့် လူငယ်များအတွက် Fancy Game သဘောရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းဂိမ်း၏ ကစားပုံမှာ အမျိုးအစားတူ အရာဝတ္ထုများအား တူအောင်ရွေးချယ်ပြီး ဖျက်ရသော ဂိမ်းမျိုးဖြစ်ကြောင်း အဆိုပါဂိမ်း၏ ဒီဇိုင်းကို ရေးဆွဲပေးသော ဂိမ်းဒီဇိုင်နာကိုကျောက်ဆည်က ပြောသည်။ Pure Turbo Puzzle Match 3အား ရေးဆွဲရန် အချိန်သုံးလခန့် ကြာမြင့်ခဲ့ပြီး အထက်ပါ မြန်မာနှစ်ဦးတည်းမှ ကိုယ်ပိုင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ iPhoneများတွင်ကစားနိုင်သော Pure Turbo Puzzle Match 3 ဂိမ်းကိုရေးဆွဲသော ကိုအောင်စည်သူကျော်က “ဒီဂိမ်းက ပထမဆုံး iPhone Game ဆိုတော့ Process တွေနဲ့ရင်းနှီးအောင် လုပ်ဖြစ်ခဲ့တဲ့ သဘောပါ။ စီးပွားရေးအရ အောင်မြင်ဖို့ သိပ်မမှန်းပါဘူး”ဟုပြောသည်။ မြန်မာများရေးသားသော iPhone ၏ ပထမဆုံးဂိမ်းဟုဆိုသော အဆိုပါဂိမ်းအား နောက်ပိုင်းတွင် DemoVersion တစ်ခုထပ်လုပ်ရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ မြန်မာနှစ်ဦး ရေးသားထားသည့် iPhone၏ ပထမဆုံးဂိမ်းအား http://itunes.apple.com /us/app/pure-turbo-puzzle-match-3/id376096383?mt= 8နှင့် http://www.netmagic studio.comတို့တွင် ၀ယ်ယူနိုင်သည်။

Credit: ယုဇနကိုကို (7Day News Journal)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.