မြန်မာနိုင်ငံတွင် ပထမအကြိမ် ကျင်းပပြုလုပ်မည့် Navitas' International Education Exhibition ကို AT&S Co., Ltd. မှကြီးမှူးပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၁ ရက် ဗုဒ္ဓပာူးနေ့တွင် ရန်ကုန်သည်ကြီးများပိာုတယ်တွင် ကျင်းပပြုလုပ်မည်ပာု သိရှိရသည်။ နိုင်ငံရပ်ခြားသို့သွားရောက်ပညာသင်ယူလိုသည့် ကျောင်းသားများအနေဖြင့် အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန် နှင့် သြစတြေးလျကျောင်းများကို တစ်ရက်တည်း တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း တက်ရောက်တွေ့ဆုံမေးမြန်းစုံစမ်း နိုင်စေရန် ရည်ရွယ်၍ Navitas နှင့် AT&S တို့မှ စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။ Navitas သည် နိုင်ငံတစ်နိုင်ငံမှ ကျောင်းတစ်ခု မပာုတ်ဘဲ အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန်၊ သြစတြေးလျ ၊ နယူးဇီလန် နှင့် စင်ကာပူနိုင်ငံများမှ တက္ကသိုလ်ကြီးများပါဝင်သည့် နိုင်ငံတကာ ပညာရေးကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ပညာရေးစနစ်နှင့် အထက်တန်းပညာရေးအဆင့်ခြင်း မတူညီကြသည့် အားလျော်စွာ ကျောင်းသားများ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ရွှေ့ပြောင်းပညာသင်ကြားရာတွင် အဆင်ပြေလွယ်ကူစေရန် Navitas မှ ၄င်းတို့နှင့် ချိတ်ဆက်ထားသော တက္ကသိုလ်ကြီးများတွင် ပေါင်းကူးကောလိပ်များဖွင့်လှစ်ကာ သင်တန်းများ ပို့ချလျက်ရှိသော နိုင်ငံတကာ ကွန်ယက်ကျောင်းကြီး (Network of International Colleges) တစ်ခုဖြစ်သည်။
ယခုမြန်မာနိုင်ငံတွင် ကျင်းပမည့် နိုင်ငံစုံပညာရေးပြပွဲနေ့ တွင် Navitas နှင့် ချိတ်ဆက်ထားသော အမေရိကန်တက္ကသိုလ်များသို့ ၀င်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ၊ အင်္ဂလန်တက္ကသိုလ်ကြီး (၆)ခုကို တက်ရောက်သင်ကြားနိုင်မည့် ပညာရေး အခွင့်အလမ်းများ၊ သြစတြေးလျတက္ကသိုလ်ကြီး (၉) ခုရှိ ဘွဲ့သင်တန်းများကို ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်မည့် ပေါင်းကူး ဒီပလိုမာများအကြောင်းနှင့် ဘွဲ့လွန်သင်တန်းများ ၀င်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အကြောင်းအရာများကို အသေးစိတ် ရှင်းလင်း ပောာပြောဆွေးနွေးပေးမည် ဖြစ်သည်။ အဆိုပါပွဲသို့ Navitas မှ အဆင့်မြင့်အရာရှိ (၉)ဦးကိုယ်တိုင် လာရောက်ခင်းကျင်းပြသ ပောာပြောမည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံသို့ ကျောင်းသားဗီဇာ အဆင့်များနှင့် ကျောင်းများကို အဆင့်လိုက် ရွေးချယ်မှုများ၊ သြစတြေးလျနိုင်ငံမှ ထပ်မံထုတ်ပြန်လိုက်သည့် ကျွမ်းကျင်အဆင့် ဘွဲ့ရကျောင်းသားများဆိုင်ရာ နေထိုင်ခွင့်ဗီဇာ အချက်အလက်များနှင့် အမေရိကန် အက်ဖ်ဝမ်းကျောင်းသားဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များကို ထည့်သွင်းဆွေးနွေးပေးမည်ဖြစ်သည်။ ကုန်သည်ကြီးများပိာုတယ်၏ Myanmar Ballroom တွင် ပြုလုပ်မည့် အဆိုပါပြပွဲကို နံနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ ဆက်တိုက်ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အမေးအဖြေ အစီအစဉ်များနှင့် ပညာရေးဆိုင်ရာ ဗီဒီယိုအပိုင်းတိုများကို ထည့်သွင်းပြသ ပေးသွားမည် ဖြစ်သည်။ အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ IELTS (သို့) TOEFL စာမေးပွဲများဖြေဆိုရန် မလိုဘဲ တိုက်ရိုက်သွားရောက် တက်ရောက်လိုသော ကျောင်းသားများအတွက် Navitas English Test ကို စစ်ဆေးပေးသွားမည်ဖြစ်သည်။
လူဦးရေကန့်သတ်ထားပြီး အခမဲ့ ၀င်ရောက်ဖြေဆိုနိုင်ရန် ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်သည်။ Navitas နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာမှ တက္ကသိုလ်ကြီးများသို့ ၀င်ခွင့်လျှောက်ထားလိုသော ကျောင်းသားများအနေဖြင့် ပညာရေး အထောက်အထား စာရွက်စာတမ်းများကို ယူဆောင်လာရမည်ဖြစ်ပြီး တစ်ဦးချင်း တွေ့ဆုံဆွေးနွေး အကြံပြုချက်များကို ရယူနိုင်မည်ဖြစ်သည်။ Navitas ၏ Education ပြပွဲတွင် အထူးအစီအစဉ်အနေဖြင့် British Council ၊ Myanmar WWW Institute ၊ Popular Bookstore ၊ Technoland နှင့် Alpine Blue Mountain တို့မှလည်း လာရောက်လေ့လာသော ကျောင်းသားကျောင်းသူ များကို အထူးအစီအစဉ်များဖြင့် လာရောက်ပံ့ပိုးပေးမည် ဖြစ်သည်။ Navitas' International Education Exhibition ၏ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တရားဝင် အသိအမှတ်ပြု နိုင်ငံတကာ ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် AT&S Co., Ltd. အဆောင် (၅) ၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်(ခ်) ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊ ရန်ကုန်မြို့ ။ ဖုန်း - ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ၀၉-၅၀၆၂၁၇၁ သို့ ဆက်သွယ် စုံစမ်းပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ မိမိတို့ စိတ်ဝင်စားသောကျောင်းများမှ ပြသမည့် Presentation အချိန်များကို ပွဲရက်၌ ပြပွဲခန်းမ၏ ၀င်ပေါက်တွင် ဖော်ပြပေးထားမည်ဖြစ်ပြီး စာရင်းပေးသွင်းလိုပါက nvt.ats@gmail.com သို့ အီးမေးလ်မှတစ်ဆင့် နာမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ထည့်သွင်းပေးပို့ရမည် ဖြစ်သည်။