Guest. It's 12:12 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
နယူးယော့ခ်မြို့ WTC နေရာဟောင်းမှ ၁၈ရာစုသင်္ဘောပျက်တွေ့ရှိ
(၂၀၀၁)ခုနှစ်က လေယာဉ်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြိုကျသွားသည့် မက်ဟမ်တန်မှ အဆောက်အအုံပျက်ကြီး နေရာအား ရှင်းလင်းမှုများ ပြုလုပ်နေစဉ် အရှည်(၃၂)ပေရှိသည့် ရေယာဉ်ပျက်ကြီး၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်
Posted on Jul 17 10 - 07:16 PM | Hits : 3944
နယူးယော့ခ်မြို့ WTC နေရာဟောင်းမှ ၁၈ရာစုသင်္ဘောပျက်တွေ့ရှိ

18th Century ship near WTCသမိုင်းဝင် တူးဖော်တွေ့ရှိမှု တစ်ခုအဖြစ် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) နေရာဟောင်းအောက်မှ (၁၈)ရာစုလက်ရာ သင်္ဘောပျက်ကြီး တစ်စင်းအား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ (၂၀၀၁)ခုနှစ်က လေယာဉ်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြိုကျသွားသည့် မက်ဟမ်တန်မှ အဆောက်အအုံပျက်ကြီး နေရာအား ရှင်းလင်းမှုများ ပြုလုပ်နေစဉ် အရှည်(၃၂)ပေရှိသည့် ရေယာဉ်ပျက်ကြီး၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မနုဿဗေဒ ပညာရှင်များက အဆိုပါ သင်္ဘောသည် ထိုစဉ်က ဟတ်ဒ်ဆန်မြစ်အတွင်း ပြေးဆွဲခဲ့ခြင်းဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ ကျောက်ဆူးများသည် အလေးချိန် (၇)စတုံရှိပြီး မည်သူပိုင်ဆိုင်ခဲ့သည့် လှေဖြစ်ကြောင်းကိုမူ မသိရသေးဟုဆိုသည်။ မနုဿဗေဒ ပညာရှင် မော်လီမက်ဒေါ်နယ်လ်က “ကွေးနေတဲ့ သစ်သားဘောင်တွေကို ကျွန်တော်တို့ သတိထားမိခဲ့ပါတယ်။ နောက်ပြီးတော့ လှော်တက်တစ်ခုကိုလည်း တွေ့ခဲ့တယ်။ လှေရဲ့ အစိတ်အပိုင်း အားလုံးကို ရှာတွေ့ဖို့တော့ (၂)ရက်လောက် ဂရုတစိုက်နဲ့ တူးခဲ့ရတယ်”ဟု ရှင်းပြခဲ့သည်။ အဆိုပါနေရာတွင် ရှာဖွေမှုများ ပြုလုပ်ရန် တာဝန်ရယူထားသည့် AKRFအဖွဲ့မှ မနုဿဗေဒ ပညာရှင် (၂)ဦးတို့မှာ ထိုလှေ၏ သက်တမ်းသည် နှစ်ပေါင်းရာနှင့်ချီနေပြီဟု ခန့်မှန်းခဲ့သည်။ “သစ်သားနမူနာ တချို့ကို ဓာတ်ခွဲခန်းပိုပြီး စမ်းသပ်ခဲ့ပါတယ်။ ဒီလှေဟာ (၁၈)ရာစုက အသုံးပြုခဲ့တယ်ဆိုတာ ဓာတ်ခွဲခန်းက အဖြေထုတ်ပေးလိုက်ပါတယ်”ဟု ပြောကြားသွားသည်။

18th Century ship near WTC

WTC အဆောက်အအုံ နေရာတွင် အသစ်ပြန်လည် တည်ဆောက်မှုများ ပြုလုပ်မည်ဖြစ်ပြီး (၂၀၀၆)ခုနှစ်ကတည်းက စတင်ခဲ့သည့် လွတ်လပ်ရေးမျှော်စင် အဆောက်အအုံ စီမံကိန်းသည် (၂၀၁၃)ခုနှစ်တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားသည်။

18th Century ship near WTC

အမြင့်(၁၇၇၆)ပေရှိသည့် အဆောက်အအုံအား ယခင်WTCကဲ့သို့ အမြွှာမျှော်စင် မဟုတ်တော့ဘဲ တစ်ခုတည်းသော မိုးပျံမျှော်စင်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: DailyMail

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.