Guest. It's 11:44 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Battleship ဇာတ်ကားသစ်တွင် ရီဟန်နာ ပါဝင်သရုပ်ဆောင်ဖွယ်ရှိ
Universalသည် Battleshipကို (၂၀၁၂)ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ရုံတင်ရန် စီစဉ်နေပြီး ကြီးကျယ်သော စစ်ပွဲတစ်ခုတွင် ကစ်ခ်ျက ရေတပ်အရာရှိ တစ်ဦးအဖြစ် တာဝန်ယူကာ စကားဂါ့တ်နှင့် အပြိုင်နွှဲရသည်ဟန် ဇာတ်လမ်းဖော်ကျူးထား
Posted on Jul 28 10 - 04:06 PM | Hits : 1426
Battleship ဇာတ်ကားသစ်တွင် ရီဟန်နာ ပါဝင်သရုပ်ဆောင်ဖွယ်ရှိ

ရီဟန်နာသည် Universalက စီစဉ်နေသည့် ရုပ်ရှင်ဇာတ်ကားသစ် Battleshipတွင် ပါဝင်သရုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ အလက်ဇန္ဒား စကားဂါ့တ်နှင့် တေလာကစ်ခ်ျတို့ ပါဝင်မည့် အဆိုပါ ဇာတ်ကားတွင် R&B အဆိုတော်မလေး ပါဝင်မည်ဟု ဖော်ပြမှုကြောင့် ရီဟန်နာတစ်ယောက် သရုပ်ဆောင်လိုင်းတွင်ပါ ခိုင်ခိုင်မာမာ ခြေချရန် ကြံစည်နေပြီဟူသော သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။ Universalသည် Battleshipကို (၂၀၁၂)ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ရုံတင်ရန် စီစဉ်နေပြီး ကြီးကျယ်သော စစ်ပွဲတစ်ခုတွင် ကစ်ခ်ျက ရေတပ်အရာရှိ တစ်ဦးအဖြစ် တာဝန်ယူကာ စကားဂါ့တ်နှင့် အပြိုင်နွှဲရသည်ဟန် ဇာတ်လမ်းဖော်ကျူးထားသည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ပီတာဘာ့ဂ်က တာဝန်ယူ ရိုက်ကူးမည်ဖြစ်ပြီး ရီဟန်နာ ပါဝင်မည့် ဇာတ်ရုပ်ကိုမူ တိတိကျကျ မသိရသေးပေ။ ရီဟန်နာ၏ ကိုယ်စားလှယ်ကလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး တိတိကျကျ အတည်ပြုချက် မပေးသေးကြောင်း သိရသည်။ ရီဟန်နာသည် ယခင်ကတည်းက ရုပ်ရှင်လောကတွင် နေရာတစ်ခု တည်ဆောက်လိုကြောင်း ပြောဆိုခဲ့ဖူးသည်။ Umbrella အဆိုတော်မလေးသည် (၂၀၀၅)ခုနှစ်က ပထမဆုံး အယ်လ်ဘမ်ထွက်ရှိပြီးနောက်ပိုင်း အမေရိကန်တွင်သာမက ကမ္ဘာ့ဂီတာ လောကတွင်ပါ ကြီးကြီးမားမား အောင်မြင်မှုများ ရရှိထားသည်။

Source: variety

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.