Guest. It's 06:16 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ညဘက်တွင်သာပွင့်သည့် သစ်ခွပန်းမျိုးနွယ် ရှာဖွေတွေ့ရှိ
Posted on Dec 07 11 - 12:39 PM | Hits : 1007
ညဘက်တွင်သာပွင့်သည့် သစ်ခွပန်းမျိုးနွယ် ရှာဖွေတွေ့ရှိ

ညဘက်တွင်သာ ပန်းပွင့်သည့် ပထမဆုံး သစ်ခွမျိုးနွယ် တစ်ခုကို ရုက္ခဗေဒ ပညာရှင် အဖွဲ့တစ်ခုက အတည်ပြု ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် တစ်ခုတည်းသာ တွေ့ရှိသေးသည့် အဆိုပါပန်းသည် သစ်ခွမျိုးနွယ်များအနက် ညဘက်၌သာ ပန်းပွင့်သည့် တစ်ခုတည်းသော မျိုးစိတ်အဖြစ် မှတ်တမ်းဝင်ခဲ့သော်လည်း ထိုအလေ့အထနှင့် ပတ်သက်ပြီး ပဟေဠိ ဖြစ်နေရဆဲဟု သိရသည်။ ထိုသစ်ခွပန်းကို ပါပူအာ နယူးဂီနီအနီးရှိ ကျွန်းငယ်လေးတစ်ခုဖြစ်သော နယူးအင်္ဂလန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နယ်သာလန် သုတေသီ တစ်စုသည် အဆိုပါ ကျွန်းတွင် လေ့လာရေး သွားရောက်စဉ် ညဘက်၌ သီးခြားပွင့်သော သစ်ခွပန်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သစ်ခွကျွမ်းကျင်သူ အန်ဒရီ ရှူတီမန်က ပြောကြားခဲ့သည်။ “တကယ့်ကို မှတ်မှတ်ထင်ထင် တွေ့ရှိမှု တစ်ခုပါပဲ။ သစ်ခွ သုတေသန လုပ်ငန်းအတွက်တော့ ဒါဟာ အံ့ဩစရာ ဖြစ်စဉ်တစ်ခုပါ”ဟု ၎င်းက ဆိုသည်။

ညဘက်တွင် အဆိုပါပန်း၏ အဖူးငုံသည် အလိုအလျောက် ပြန့်ကားလာကာ (၂)စင်တီမီတမျှရှိသော ပန်းပွင့်ကို ဖြစ်ပေါ်လာစေသည်။ အမှောင်ထု ကြီးစိုးပြီး နာရီအနည်းငယ်တွင် ပွင့်သောပန်းသည် နောက်တစ်နေ့ နေရောင်ထွက်ပေါ်လာပြီး နာရီအနည်းငယ်ထိ ပွင့်လန်းနေဆဲဖြစ်သည်။ သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာဗွန်ဂေါက ယင်းပန်းသည် တစ်ညသာပွင့်ပြီး နောက်နေ့တွင် ညှိုးရော်ခြောက်သွေ့သွားကြောင်း ရှင်းပြခဲ့သည်။ အဆိုပါ မျိုးစိတ်သည် သစ်ခွမျိုးကွဲများအနက် အရေအတွက် အများဆုံးဖြစ်သည့် Bulbophylumမျိုးနွယ်မှဖြစ်ပြီး ယင်းမျိုးနွယ်တွင် သစ်ခွအမျိုးပေါင်း (၂၀၀၀)ကျော် စုစည်းပါဝင်ကြောင်း သိရှိရသည်။    

Soruce: BBC

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.