Guest. It's 07:30 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
The Hunger Games က Box office စံချိန်သစ်တင်နိုင်ဖွယ်ရှိ
(၂၀၀၉)ခုနှစ်က စတင်ရုံတင်ပြီး တစ်ပတ်တွင် ဒေါ်လာ (၁၄၂.၈)သန်း ရရှိသည့် Twilight Saga: New Moonထက် The Hunger Gamesက ကျော်တက်နိုင်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်ရမည်ဖြစ်
Posted on Mar 24 12 - 09:05 AM | Hits : 90
The Hunger Games က Box office စံချိန်သစ်တင်နိုင်ဖွယ်ရှိ

ယခုသီတင်းပတ်ကုန်တွင် စတင်ရုံတင်မည့် The Hunger Games ဇာတ်ကားသည် Box Office၏ အဖွင့်သီတင်းပတ် ၀င်ငွေစံချိန်သစ် တင်နိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းခြင်း ခံနေရသည်။ ဆယ်ကျော်သက် လူငယ်များ Live TVအစီအစဉ်တွင် အသေအကြေ တိုက်ခိုက်နေရသည့် ဇာတ်ကားသည် ကြိုတင်လက်မှတ် ရောင်းချရမှုတွင် ကြောက်ခမန်းလိလိ ၀င်ငွေကောင်းနေခဲ့သည်။ အဆိုပါ ဇာတ်ကားသည် လူငယ် စာရေးဆရာ ဆူဇန်နီ ကောလင်းစ်၏ ၀တ္ထုပေါ် အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါ စာအုပ်သည် ကမ္ဘာပေါ်တွင် ကော်ပီ သန်း(၃၀)ထိ ရောင်းချနိုင်ခဲ့သည်။ ဂျနီဖာလောရင့်စ် အဓိက ဦးဆောင် ပါဝင်သော ဇာတ်ကားကို ဂယ်ရီရော့စ်က ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။



မတ်လတွင် ရုံတင်ဖူးသမျှအနက် အဖွင့်သီတင်းပတ် ၀င်ငွေအကောင်းဆုံး စံချိန်အဖြစ် ရပ်တည်ဖူးသည့် Alice in Wonderland၏ ဒေါ်လာ (၁၁၆)သန်း မှတ်ကျောက်တင်ထားမှုကို The Hunger Gamesက ကျော်ဖြတ်နိုင်မည်ဟု လေ့လာသူများက ယူဆထားသည်။ Disney၏ John Carter ဇာတ်ကား အကြီးအကျယ် အရှုံးပေါ်ခဲ့သော သတင်းများအပြီး တစ်ပတ်အကြာတွင် The Hunger Gamesကို ရုံတင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ (၂၀၀၉)ခုနှစ်က စတင်ရုံတင်ပြီး တစ်ပတ်တွင် ဒေါ်လာ (၁၄၂.၈)သန်း ရရှိသည့် Twilight Saga: New Moonထက် The Hunger Gamesက ကျော်တက်နိုင်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။



စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း တစ်ခုဖြစ်သည့် အဆိုပါ ရုပ်ရှင်သည် မြောက်အမေရိကရှိ ပါနမ်အမည်ရှိ နိုင်ငံတစ်ခုအတွင်း ခရိုင်(၁၂)ခုမှ လူငယ်များကို နှစ်စဉ် ရွေးနုတ်ကာ အသေအကြေ ယှဉ်ပြိုင်စေသည့် ဇာတ်ကြောင်းကို ဖန်တီးထားသည်။ လူငယ်များသည် နောက်ဆုံး တစ်ဦးသာ ကျန်သည်အထိ တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုဇာတ်ကားတွင် ဂျနီဖာက (၁၆)နှစ်အရွယ် ကျွမ်းကျင်သော အမဲလိုက် မုဆိုး အမျိုးသမီး တစ်ဦးအဖြစ် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။

Source: BBC

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.