Guest. It's 01:33 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဘာစီလိုနာသို့ ပြန်သွားမည့်ကိစ္စအား ရိုမီယူပြောကြား
"ကျွန်တော်ဟာ အမြဲတမ်း ဘာစီလိုနာ ပရိသတ်ပါ။ ဘယ်နေရာ ရောက်ရောက် ကျွန်တော့်ကို ပျိုးထောင်ပေးဖူးတဲ့ အသင်းကို ကျွန်တော် ကျေးဇူးတင်နေမိမှာ ဖြစ်ပါတယ်"
Posted on Jul 13 12 - 03:22 PM | Hits : 19
ဘာစီလိုနာသို့ ပြန်သွားမည့်ကိစ္စအား ရိုမီယူပြောကြား

ဘာစီလိုနာ အသင်းသို့ ပြန်သွားရေးသည် မိမိ ငြင်းပယ်၍ မရသော ရွေးချယ်စရာ အနေအထား တစ်ခုဟု ချယ်လ်ဆီး ကွင်းလယ်လူ အော်ရီရော်လ် ရိုမီယူက ဝန်ခံပြောဆိုလိုက်သည်။ အသက်(၂၀)အရွယ် ကွင်းလယ်အဖျက် ကစားသမားလေးသည် ပြီးခဲ့သည့် နွေရာသီကမှ စပိန်ကလပ် ဘာစီလိုနာကို စွန့်ခွာပြီး ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့သည်။ ဘာစီလိုနာသည် ချယ်လ်ဆီးထံသို့ ရိုမီယူအား ရောင်းထုတ်စဉ် ကတည်းက (၂)နှစ်တာ ကာလအတွင်း သတ်မှတ် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ပြန်လည် ခေါ်ယူခွင့် ရှိရမည်ဆိုသော အချက်ကို ထည့်သွင်းအတည်ပြုထားသည်။



ယခုအခါ ဘာစီလိုနာတွင် မာလီကွင်းလယ်လူ ဆီဒေါ်ကီတာ ထွက်ခွာသွားပြီဖြစ်ရာ လိုအပ်နေသော နေရာကို ရိုမီယူဖြင့် အစားထိုးမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ရိုမီယူက မိမိသည် တစ်ချိန်က ကျင်လည်ဖူးသော နူးကမ့်သို့ ပြန်လည် ရောက်ရှိသွားနိုင်ကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ "ဘာစီလိုနာကို ပြန်သွားဖို့ ဆိုတာက ရွေးချယ်စရာ အခြေအနေ တစ်ခုပါ။ ကျွန်တော့်စာချုပ်အရ ဘာစီလိုနာဟာ ကျွန်တော့်ကို ပြန်ဝယ်ခွင့် ရှိပါတယ်။ ဒီအချက်ကို ကျွန်တော် အဲဒီက ထွက်လာကတည်းက သိပြီးသားပါ။ တကယ်လို့ ဘာစီလိုနာက အဲဒီအချက်ကို ပြန်အသုံးပြုချင်တယ် ဆိုရင်တော့ ကျွန်တော့်ကို အသိပေးစေချင်ပါတယ်။ ဘာစီလိုနာနည်းပြ တီတို ဗီလန်နိုဗာက ကျွန်တော့်ကို ပြန်လိုချင်ရင် ကျွန်တော် ဒါကို စဉ်းစားမှာပါ။ ဘာစီလိုနာက ကျွန်တော့်အပေါ် ယုံကြည်မှု ရှိမယ်ဆိုရင် ကျွန်တော်ကလည်း ကျေနပ်မိပါလိမ့်မယ်"ဟု ရိုမီယူက ပြောဆိုသွားသည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်ဟာ အမြဲတမ်း ဘာစီလိုနာ ပရိသတ်ပါ။ ဘယ်နေရာ ရောက်ရောက် ကျွန်တော့်ကို ပျိုးထောင်ပေးဖူးတဲ့ အသင်းကို ကျွန်တော် ကျေးဇူးတင်နေမိမှာ ဖြစ်ပါတယ်"ဟုလည်း ပြောကြားသွားခဲ့သည်။

Source: Goal

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.