ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်လိုသော IT သမားများ
ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်လိုသော အိုင်တီသမားများ အနေဖြင့် self-managament ရှိရန်လို
Posted on Jan 08 07 - 10:35 AM | Hits : 2948 | Save as PDF
URL : http://www.planet.com.mm/news/read.cfm/id/8940
ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်လိုသော အိုင်တီသမားများအနေဖြင့် လုပ်ငန်းခွင်၌တွေ့ရသော အခက်အခဲများကို ရင်ဆိုင်နိုင်ရန်အတွက် self-management ရှိရန်လိုကြောင်းသိရသည်။
" အခုဆိုရင် နိုင်ငံခြားမှာသွားပြီး အလုပ်လုပ်ချင်တဲ့ အိုင်တီနယ်ထဲက လူငယ်တွေများလာပါတယ်။ အဲဒီလိုပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ချင်တဲ့သူတွေအနေနဲ့ အလုပ်ထဲမှာ တွေ့ရတတ်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်လိုပြင်ဆင်ရမလဲဆိုရင် မိမိကိုယ်မိမိ ယုံကြည်မှုနဲ့လုပ်ငန်းခွင် အခက်အခဲက အခြားတွက်ဆထားလို့မရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသင့်တယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာ သေချာစဉ်း စားဆုံးဖြတ်တတ်ရမယ်။ ဒါမှလည်း လုပ်ငန်း ခွင်ဝင်တဲ့အခါမှာ self-management ရှိလာမှာဖြစ်တယ်"ဟု Myanmar Computer Professionals Association မှ Joint Secretary ဖြစ်သူ ဦးငြိမ်းဦးက အကြံပေးပြောကြားသည်။
ှ self-management ရှိရန်အတွက် မိမိလေ့လာနေသော ဘာသာရပ်များတွင် အခြေခံမှအစ Professional တစ်ဦးဖြစ် လာသည်အထိ နက်နက်နဲနဲလေ့လာထား ရန်လိုသည့်အပြင် မိမိသွားရောက်လုပ် ကိုင်မည့်နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် တိုးတက်ဖြစ်ထွန်းနေမှုတို့ကိုပါ ကြိုတင် လေ့လာထားသင့်ကြောင်းသိရသည်။ နိုင်ငံ ရပ်ခြားတွင်အလုပ်လုပ်ရုံ သာမကပဲ မိမိတို့ အတွက် အကျိုးအမြတ်ရရှိစေမည့်ကိစ္စ ရပ်များကိုပါ လေ့လာတတ်ရန်လိုအပ်ပြီး လုပ်ငန်းခွင်မှရရှိသော အတွေ့အကြုံများ ကို ပြန်လည်အသုံးချတတ်ပါက တိုးတက် မှုများ စွာရှိလာနိုင်ကြောင်းသိရသည်။
|