Guest. It's 04:40 PM - Myanmar time. Register or Login | Download Myanmar Font 
  
World  Printable Version | Mail This | | Comments  
အင်ဒိုနီရှားငလျင်ကြောင့် မြန်မာတွင် ဆူနာမီမဖြစ်

Posted on Sep 21 07 - 01:44 PM | Hits : 3477 | Save as PDF

URL : http://www.planet.com.mm/news/read.cfm/id/9350

အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်း အနီးတွင် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက လှုပ်ရှားခဲ့သောအင် အားပြင်းငလျင်ကြောင့် မြန်မာနိုင် ငံတွင် ကမ်းရိုးတန်းတစ်လျှောက် တွင်ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင် သည်ဟု ဂျပန်မိုးလေ၀သအဖွဲ့ချုပ် ၏သတိပေးမှုကို မြန်မာနိုင်ငံအနေ ဖြင့်လက်ခံရရှိခဲ့ပြီး လူထုသို့အချိန် မီကြိုတင်သတင်းထုတ်ပြန်နိုင်ခဲ့ သော်လည်း သတိပေးသည့်တိုင်း ဆူနာမီလှိုင်းများ ဖြစ်ပွားခြင်းမရှိခဲ့ ကြောင်း စစ်တွေမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူး ဦးချစ်ကျော်က ပြော ကြားသည်။
ထို့ကြောင့်အင်ဒိုနီးရှားငလျင် နှင့်ဆက်စပ်၍ မြန်မာနိုင်ငံတွင် ဆူနာမီဒီလှိုင်းဖြစ်ပွားခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်း လုံးဝမရှိခဲ့ကြောင်း ယင်းကဆက်လက်ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြာ တောင်ပိုင်းမိုင် ၆၅ အကွာရှိ ben-gkulu ကျွန်းအနီးရှိ ရေအောက် ကြမ်းပြင်ကို ဗဟိုပြု၍ စက်တင် ဘာလ ၁၂ ရက်၊ မြန်မာစံ တော် ချိန် ညနေ ၅း၄၆ မိနစ် ၁၆ စက္ကန့် တွင် အင်အားရစ်ခ်ျတာစကေး ၇.၈ ရှိသော အင်အားကြီး ငလျင် တစ်ခုလှုပ်ရှားခဲ့သည်။ ထိုငလျင် လှုပ်ရှားပြီးနောက် ငလျင်အင်အား မှာကြီးမားပြီး ဆူနာမီလှိုင်းများ ဖြစ် ပေါ်နိုင်သည့်အတွက် ဂျပန်မိုးလေ ၀သအဖွဲ့ချုပ် (jma) ကဆူနာမီ ဖြစ်ပွားနိုင်သည်ဟု ယူဆရသော နိုင်ငံများသို့ သတိပေးမှုများပြုလုပ် ခဲ့သည်။
JMA နှင့် အချိန်တိုင်းငလျင် သတင်းများရယူ ဖလှယ်နေသော မြန်မာနိုင်ငံမိုးလေ၀သနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနသို့လည်း ဆူ နာမီသတိပေးမှု ပေးပို့ခဲ့သည်။ JMA ၏သတင်းပေးပို့မှုကို မိုးဇလ ကစက်တင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီ ၁၀ မိနစ်နှင့် ၆ နာရီ ၃၀ မိနစ်တွင် လက်ခံရရှိခဲ့သည်။ ထို့ နောက်ချက်ချင်း ကမ်းရိုးတန်းနေ ပြည်သူများသို့ ထိုနေ့ညနေ ၇ နာရီ ကျော်တွင် သတိပေးမှုများပြုလုပ် နိုင်ခဲ့သည်။
““ဆူနာမီသတိပေးမှုကို ရခိုင် ပြည်နယ်မှာရှိတဲ့ ခရိုင်လေးခုဖြစ် တဲ့ စစ်တွေ၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူမြို့နယ်တွေမှာ မယက နဲ့မီးသတ်ပူးပေါင်းပြီး ဆူနာမီလာ နိုင်တယ်လို့ အသံချဲ့စက်တွေနဲ့ သ တင်းရပြီး မကြာမီကြေညာပေးနိုင် ခဲ့တယ်။ အဲဒီလိုကြေညာလို့ ကမ်း နားမှာရှိတဲ့ အိမ်တွေကတော့ ကုန်း ပေါ်မှာရှိတဲ့ နေရာတွေကိုရွှေ့ပြောင်း ကြရမျိုးတွေ ရှိတယ်။ ဒါပေမယ့် မျှော်လင့်ထားတဲ့အတိုင်း ဆူနာမီ လှိုင်းမလာပါဘူး”” ဟုဦးချစ်ကျော် ကရှင်းပြသည်။
““ပထမတော့ ဆူနာမီဟာ စစ် တွေကိုအဖျားခတ်နိုင်ပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဆူနာမီ ကအဖျားဘဲ ရိုက်ခတ်လာနိုင်တယ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ထားဖို့ပြောပါတယ်။ ၈ နာရီခွဲ လောက်မှာ သက်ဆိုင်ရာအာဏာ ပိုင်တွေက အကြောင်းကြားတာပါ။ပထမတော့ လူတွေအထိတ်တ လန့်ဖြစ်ကြတယ်။ ကမ်းနားက လူ တွေလည်း မြို့ထဲကိုဝင်လာတာရှိ တယ်။ ဒါပေမယ့် ၉ နာရီခွဲလောက် မှာဘာမှမဖြစ်နိုင်တော့ဘူးလို့ ထပ် ကြေညာပါတယ်။ အခုအားလုံး အေးအေးဆေးဆေးပါပဲ။ ဘာမှ ပြဿနာမရှိပါဘူး”” ဟု စစ်တွေမြို့ ရှိ ခိုင်ပြည်စိုးခရီးသွားလုပ်ငန်းမှ ကိုမောင်မောင်မြင့်က ပြောသည်။
စက်တင်ဘာ ၁၂ ရက်ညနေ တွင် ပြည်သူများသို့ ဆူနာမီသတိ ပေးချက် ထုတ်ပြန်ခဲ့ပြီး ထပ်မံ၍ ဆူနာမီမဖြစ်နိုင်တော့ကြောင်းြာေ ၏သတင်းပေးပို့ချက်ကို ထို နေ့ည ၇ နာရီခွဲအချိန်ခန့်တွင် ရရှိ ခဲ့သည်။ ထို့ကြောင့် လူထုသို့ ဆူနာ မီမဖြစ်နိုင်တော့ကြောင်းထပ်မံ သတိပေးခဲ့ရကြောင်း ဦးချစ်ကျော် ကရှင်းပြသည်။
““ရေကန်ထဲက ရေလောက်ပဲ လှုပ်တာသတိထားမိတယ်။ ဆူနာ မီလှိုင်းတော့မလာဘူး။ ဆူနာမီ သတိပေးပြီးချင်း ကမ်းနားကလူ တွေရွှေ့ပြောင်းတယ်ဆိုတာလဲ ပစ္စည်းတွေလောက်ပဲ ရွှေ့ပြီး လူ တွေကကမ်းနားကို ပြန်လာပြီး ဆူ နာမီလာတာကို ကြည့်ချင်ကြလို့ ပြန်လာကြည့်ကြတယ်။ လူတွေစူး စမ်းကြချင်တာပေါ့။ ကျွန်တော်တို့ ကလည်း လူထုကိုသတိသာပေး လိုက်ရတာ ဆူနာမီမဖြစ်နိုင်ဘူးလို့ တော့အတွေ့အကြုံအရ သိပြီးသား သတိပေးပြီး မဖြစ်တော့လူတွေက ကျားကျားဆိုမလာဘူး၊ တကယ် ကျားလာမှ မလာဘူးထင်ပြီး နေတာ မျိုးဖြစ်မှာကိုတော့ စိုးရိမ်မိတယ်။ ဒါပေမယ့် အလေ့အကျင့်လည်း ဖြစ်အောင်သတိပေးလိုက်ရတာပါ”” ဟုစစ်တွေမိုးဇလ ညွှန်ကြားရေးမှူး ကဆိုသည်။
အထက်ပါဆူမတြာငလျင်၏ နောက်ဆက်တွဲငလျင်မှာ ဇူလိုင် ၁၃ ရက်မနက်တွင် ရစ်ခ်ျစတာ စကေး ၇.၈ အဆင့်ရှိ ငလျင်ထပ် မံလှုပ်ရှားခဲ့သည်။ ထိုငလျင်လှုပ် ပြီးဆူနာမီသတိပေးမှုကို ဖြစ်နိုင် ခြေရှိသော ကမ်းရိုးတန်းနိုင်ငံများ သို့ jma မှထပ်မံသတိပေးခဲ့သော် လည်းမြန်မာနိုင်ငံတွင် မဖြစ်နိုင်၍ သတိမပေးခဲ့ချေ။
မြေငလျင်၊ ဆူနာမီနှင့် ပတ် သက်၍ ကြိုတင်သတိပေးမှုများကို ယခုနှစ်တွင်း jma ကနှစ်ကြိမ် ပြု လုပ်ခဲ့ဘူးပြီး ယခုအကြိမ်မှာ တတိ ယအကြိမ်ဖြစ်သည်။ မိုးဇလက စစ်တွေကမ်းရိုးတန်းတွင် ဆူနာမီ သတိပေးစနစ် တပ်ဆင်ထားပြီး ဖြစ်ကာ စက်တင်ဘာ ၁၂ ရက် င လျင်နှင့်ပတ်သက်၍ ထိုကရိယာမှ ဆူနာမီအကြောင်း သတင်းမပို့ခဲ့ ပေ။
ဆူမတြာငလျင်ကြောင့် စက် တင်ဘာ ၁၃ ရက်ထိ အင်ဒိုနီးရှား နိုင်ငံတွင် လူအနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ဆူနာမီလှိုင်းများလာ နိုင်ကြောင်းသတိပေးချက် ထုတ် ပြန်ထားရသည်။ ၂၀၀၄ ခုနှစ်က ဆူမတြာကျွန်းအနီးတွင် လှုပ်ခဲ့ သောအင်အားကြီး ငလျင်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပွားခဲ့ပြီး အိန္ဒိ ယသမုဒ္ဒရာ၊ ကမ်းရိုးတန်းနိုင်ငံများ တွင်လူပေါင်း ၂၂၀၀၀၀ ကျော် သေဆုံးခဲ့သည်။
 Printable Version | Mail This | | Comments  
 
No record to display.
COMMENTS
Post a comment
You must login to comment on planet.
Your Comment (No HTML; Comments are limited to 1500 characters.)
loading...
loading...  
 Related Articles
ကလေးမွေးဖားခဲ့သောအမေရိကန်ယောက်ျားနှင့် ကလေးငယ်အား ဓာတ်ပုံရိုက်ခွင့်ပြု
နိုင်ငံခြားမြီစားနိုင်ငံမှ မြီရှင်နိုင်ငံအဖြစ် တွန်းပို့ခဲ့သူ လူးဝစ်လူလာဒါဆေးဗား
တက္ကဆက်ကမ်းခြေသို့ ဒေါ်လီအမည်ရှိဟာရီကိန်းမုန်တိုင်း ဦးတည်တိုက်ခတ်
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်
ဇင်ဘာဘွေ၌ မူဂါဘီနှင့် အတိုက်အခံခေါင်းဆောင်ဆဗာနာဂီတို့ တွေ့ဆုံ
အမေရိကန်နိုင်ငံ စိန့်လူးဝစ်၌ နေအိမ်မီးရှို့သူနှင့်ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား
ဟူစတန်ပြည်နယ် ကရိန်းကျိုးကျမှုဖြစ်ရပ်အား စုံစမ်းမှုစတင်ပြုလုပ်
ဆားဘီယားသမ္မတဟောင်း ရိုဒိုဗန်ကာရာဒစ်ဇ်ကို ဖမ်းဆီးရမိပြီ
အမေရိကန်သမ္မလောင်းအိုဘားမား၏ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံခရီးစဉ်
ယခုနှစ်မြစ်ရေလျှံမှု ယမန်နှစ်ကထက်ပို

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o TeaShop o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.