နေပြည်တော်ဆေးရုံအား ခုတင် ၃၀၀ မှ ခုတင် ၁၀၀၀ အဖြစ် အဆင့်မြှင့် နေပါသည်။ အဆောက်အအုံများ ဆောက်လျက်ရှိပါသည်။ နေပြည်တော်ဆေးရုံအား နေပြည်တော် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အားကိုးရာအဖြစ် လာရောက်ကုသပါသည်။ ကျေးရွာများမှ လူများသည် နားမလည်မှု၊ ငွေမရှိမှုများကြောင့် ကြိုတင်ကာကွယ်နိုင်ပါလျက်နှင့် မကာကွယ်မှုကြောင့် ဖြစ်သောရောဂါများနှင့် ရမ်းကုများကြောင့် ဖြစ်သော ရောဂါများ ကြောင့် ဆေးရုံတက်ခြင်း များပြားသည်။ ၀န်ထမ်းများထဲကမူ ဆေးရုံတက်ခြင်း နည်းပါးပါသည်။ ဆေးရုံတွင် ရေမလုံလောက်မှုနှင့် ရေ မသန့်ရှင်းမှု မှာ လည်း ပြသာနာဖြစ်သည်။ ထို့ကြောင့် ဆေးရုံအား အလှူငွေများ ပစည်းများလာရောက်လှူဒါန်းနိုင်ပါကြောင်းလည်းသိရှိရပါသည်။ လှူဒါန်းလိုပါက ဖုန်း ၄၂၀၀၉၆ သို့ဆက်သွယ်နိုင်ပါသည်။ ထိုပြင် ၀န်ကြီးရုံးအဖွဲ့မှူး ၄၁၁၃၅၆၊ ကျန်းမာရေးဦးစီးဌာန ရှိ ၄၁၁၀၀၁ ၄၁၁၃၉၃ ၄၁၁၀၀၂ သို့ ဆက်သွယ်နိုင်ကြောင်းသိရှိရသည်။
Uploaded by herry3881