ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဘန်ကီမွန်က ဆာဟာရ-အာဖရိကဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ဆက်စပ်နေသော စီးပွားရေးဖွံ့ဖြိုးမှုရှိနေသော်လည်း အဆိုပါဒေသတွင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရန် အချိန်သတ်မှတ်ထားသော ၂၀၁၅ ခုနှစ်တွင် ဖွံ့ဖြိုးရေး ရည်မှန်းချက်များပြည့်မီမည်ဆိုသည်ကို မိမိသံသယဖြစ်မိကြောင်းဖြင့် ပြောကြားလိုက်သည်။ ဂါနာနိုင်ငံတွင် ရောက်ရှိနေ သောဘန်ကီမွန်က“နိုင်ငံများစွာဟာ နောက်မှာကျန်ရစ်ခဲ့ကြပါတယ်။ ဆာဟာရ အာဖရိကဒေသကတော့ အဆိုးဝါးဆုံး ပါပဲ။ ဘယ်တစ်နိုင်ငံမှထောင်စုနှစ်ရည် မှန်းချက်ကို အပြည့်အ၀အကောင်ထည် ဖော်နိုင်မှာမဟုတ်ပါဘူး”ဟုကုလသမဂ္ဂက ချမှတ်ခဲ့သော ထောင်စုနှစ်ရည်မှန်းချက်ကို ရည်ညွှန်း၍ ထုတ်ဖော်ပြောကြားခဲ့သည်။
အထူးသဖြင့် အစားအစာဈေးနှုန်းများ ကမ္ဘာအနှံ့တွင် ကြုံတွေ့နေရသောကြောင့် အဆိုပါရည်မှန်းချက်ကို ပြည့်မီရန် ပို၍ခက်ခဲသွားခဲ့ရသည်ဟု ဘန်ကီမွန်က ဆက်လက်ပြောကြားခဲ့သည်။ ထောင်စုနှစ်ရည်မှန်းချက်များက ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှုကို ထက်ဝက်ခန့်လျှော့ချရန် ရည်မှန်းထားသည်။
အတွင်းရေးမှူးချုပ်က အခြေခံစားကုန်များ ဈေးကောင်းခြင်းမှရရှိသော အကျိုးအမြတ်အများကို အာဖရိကအစိုးရ များက ဖွံ့ဖြိုးရေးအစီစဉ်မှုများတွင်ပို၍ အသုံးပြုရန်နှင့် ချမ်းသာသောနိုင်ငံများ ကလည်း ၎င်းင်းတို့ကတိပြုထားသော အလှူငွေများကို အပြည့်အ၀ထည့်ဝင်ကြရန်လည်း ပြောကြားခဲ့သည်။