Guest. It's 04:41 PM - Myanmar time. Register or Login | Download Myanmar Font 
  
World  Printable Version | Mail This | | Comments  
Tags : Zimbarbywe,

အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ ဖွဲ့စည်းရန် ဇင်ဘာဘွေနိုင်ငံထုတ်သတင်းစာတွင် ဖော်ပြထား
အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ ဖွဲ့စည်းရန် ဇင်ဘာဘွေနိုင်ငံထုတ်သတင်းစာတွင် ဖော်ပြထား

Posted on Apr 25 08 - 02:38 PM | Hits : 537 | Save as PDF

URL : http://www.planet.com.mm/news/read.cfm/id/9615

ဇင်ဘာဘွေအစိုးရ သတင်းစာဟာရယ်က သမ္မတမူဂါဘီဦးဆောင်သော အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန် တင်ပြလိုက်သည်။ သတင်းစာက မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့သော သမ္မတ ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပွားခဲ့သော နိုင်ငံရေးတင်းမာမှုများသည် မနီးလှသည့် အနာဂတ်ကာလအတွင်း လွတ်လပ်ပြီး တ ရားမျှတမှုသော ရွေးကောက်ပွဲများ ကျင်းပနိုင်ဖွယ်မရှိဟု ဖော်ပြထားသည်။ ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းများကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ အတိုက်အခံများက ၎င်းတို့ကိုယ်စားလှယ် မော်ဂန်ကာဗန်ဂရိုင်းသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု ကြေညာထားသည်။ ရွေးကောက်ပွဲကော်မရှင် က မဲများကို ပြန်လည်ရေတွက်မပြီး မချင်းမဲစာရင်းကို ထုတ်ပြန်ကြေညာမည်မဟုတ်ဟု ပြောဆိုထားသည်။

ပြန်လည်ရေတွက်ပြီးသော မဲဆန္ဒနယ် တွင် အာဏာရ ဇူနပါတီက အနိုင်ရရှိသွား သည်ဟု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြောကြားခဲ့သည်။ ထိုသို့ မတည်မငြိမ်များဖြစ်နေသောကြောင့် သတင်းစာက အာဖရိကနိုင်ငံများက အစိုး ရနှင့်အတိုက်အခံများကြားတွင် ရွေး ကောက်ပွဲသစ်များနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံကို အသစ်ပြန်လည်ရေးဆွဲနိုင်ရန် ယူနတီ အစိုးရအဖွဲ့ရန်ကြားဝင်ဆောင်ရွက်ပေး သင့်သည်ဟု ရေးသားခဲ့သည်။ လေ့လာ သူများက အစိုးရသတင်းက ယခုကဲ့သို့ ရေးသားခဲ့သဖြင့် အာဏာရပါတီမူဝါဒ ပြောင်းလဲသွားပြီလောဟု သိလိုနေကြ သည်။ ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပွား သော အကြမ်းဖက်မှုများကြောင့် လူ ၃၀၀၀ ခန့် နေအိမ်များမှ ရွှေ့ပြောင်းခဲ့ရ ပြီး ၁၀ ယောက် သေဆုံးခဲ့သည်။

 Printable Version | Mail This | | Comments  
 
No record to display.
COMMENTS
Post a comment
You must login to comment on planet.
Your Comment (No HTML; Comments are limited to 1500 characters.)
loading...
loading...  
 Related Articles
ကလေးမွေးဖားခဲ့သောအမေရိကန်ယောက်ျားနှင့် ကလေးငယ်အား ဓာတ်ပုံရိုက်ခွင့်ပြု
နိုင်ငံခြားမြီစားနိုင်ငံမှ မြီရှင်နိုင်ငံအဖြစ် တွန်းပို့ခဲ့သူ လူးဝစ်လူလာဒါဆေးဗား
တက္ကဆက်ကမ်းခြေသို့ ဒေါ်လီအမည်ရှိဟာရီကိန်းမုန်တိုင်း ဦးတည်တိုက်ခတ်
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်
ဇင်ဘာဘွေ၌ မူဂါဘီနှင့် အတိုက်အခံခေါင်းဆောင်ဆဗာနာဂီတို့ တွေ့ဆုံ
အမေရိကန်နိုင်ငံ စိန့်လူးဝစ်၌ နေအိမ်မီးရှို့သူနှင့်ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား
ဟူစတန်ပြည်နယ် ကရိန်းကျိုးကျမှုဖြစ်ရပ်အား စုံစမ်းမှုစတင်ပြုလုပ်
ဆားဘီယားသမ္မတဟောင်း ရိုဒိုဗန်ကာရာဒစ်ဇ်ကို ဖမ်းဆီးရမိပြီ
အမေရိကန်သမ္မလောင်းအိုဘားမား၏ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံခရီးစဉ်
ယခုနှစ်မြစ်ရေလျှံမှု ယမန်နှစ်ကထက်ပို

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o TeaShop o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.