Guest. It's 04:39 PM - Myanmar time. Register or Login | Download Myanmar Font 
  
World  Printable Version | Mail This | | Comments  

ပင်ဆလ်ဗေးနီးယားရွေးကောက်ပွဲ ကလင်တန် အနိုင်ရရှိ
ပင်ဆလ်ဗေးနီးယားရွေးကောက်ပွဲ ကလင်တန် အနိုင်ရရှိ

Posted on Apr 25 08 - 02:46 PM | Hits : 1115 | Save as PDF

URL : http://www.planet.com.mm/news/read.cfm/id/9616

အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်သည် ဒီမိုကရက်တစ်သမ္မတလောင်း ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ရရန် မျှော်လင့်ချက်တစ်ခုသည် လင်း လက်သွားခဲ့ပြီဖြစ်သည်။ သူမသည် သမ္မတလောင်းပြိုင်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ရရှိရန် အရေးကြီးသော ပင်ဆလ်ဝေးနီးယားပြည်နယ်တွင် ပြိုင်ဘက် အိုးဘားမားကို ဂဏန်းနှစ်လုံးအသာရရန် လိုအပ်သည်။ ယခုအခါ ပင်ဆလ်ဝေးနီးယားပြည်နယ် ဒီမိုကရက်ပါတီရွေးကောက်ပွဲများ ပြီးစီးသွားခဲ့ပြီဖြစ်ရာ ကလင်တန်က မဲ ၅၅% ရရှိပြီး အိုဘားမားက ၄၅% အသီးသီးရရှိခဲ့သည်။ ဒီမိုကရက်ပါတီ၏ သမ္မတလောင်းရွေးပွဲသည် ပြန်လည်အကြိတ်အနယ်ရှိလာခဲ့ပြီဖြစ်သည်။ အိုဘားမားသည် ကိုယ်စားလှယ်အရေအတွက် တွင် အသာစီးရလျက်ပင်ရှိနေသေးသည်။ ဟီလာရီကလင်တန်က လူတချို့က ကျွန်မကို နှုတ်ထွက်သွားဖို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်သူတွေက နှုတ်မထွက်ကြပါဘူး။ သူတို့ဟာ နှုတ်မထွက်တဲ့ သမ္မတတစ်ယောက်ကို ရရှိဖို့ ထိုက်တန်ပါတယ်ဟု သူမကို ထောက်ခံသူများကို ပြောကြားခဲ့သည်။ ဟီလာရီက သူမကို ထောက်ခံသော လူများကို သူမ၏ ရွေးကောက်ပွဲရန်ပုံငွေတွင်လည်း ထည့်ဝင်ကြရန် ပန်ကြားလိုက်သည်။ အိုဘားမား ကလည်း ဟီလာရီကလင်တန်၏ အောင်မြင်မှုကို ချီးကျူးစကားပြောဆိုခဲ့သည်။ သို့ သော် မိမိမဲဆွယ်ပွဲအဖွဲ့ဝင်များသည် မျှော်လင့်ထားသည်ထက် များစွာလုပ်ဆောင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

 Printable Version | Mail This | | Comments  
 
No record to display.
COMMENTS
Post a comment
You must login to comment on planet.
Your Comment (No HTML; Comments are limited to 1500 characters.)
loading...
loading...  
 Related Articles
ကလေးမွေးဖားခဲ့သောအမေရိကန်ယောက်ျားနှင့် ကလေးငယ်အား ဓာတ်ပုံရိုက်ခွင့်ပြု
နိုင်ငံခြားမြီစားနိုင်ငံမှ မြီရှင်နိုင်ငံအဖြစ် တွန်းပို့ခဲ့သူ လူးဝစ်လူလာဒါဆေးဗား
တက္ကဆက်ကမ်းခြေသို့ ဒေါ်လီအမည်ရှိဟာရီကိန်းမုန်တိုင်း ဦးတည်တိုက်ခတ်
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်
ဇင်ဘာဘွေ၌ မူဂါဘီနှင့် အတိုက်အခံခေါင်းဆောင်ဆဗာနာဂီတို့ တွေ့ဆုံ
အမေရိကန်နိုင်ငံ စိန့်လူးဝစ်၌ နေအိမ်မီးရှို့သူနှင့်ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား
ဟူစတန်ပြည်နယ် ကရိန်းကျိုးကျမှုဖြစ်ရပ်အား စုံစမ်းမှုစတင်ပြုလုပ်
ဆားဘီယားသမ္မတဟောင်း ရိုဒိုဗန်ကာရာဒစ်ဇ်ကို ဖမ်းဆီးရမိပြီ
အမေရိကန်သမ္မလောင်းအိုဘားမား၏ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံခရီးစဉ်
ယခုနှစ်မြစ်ရေလျှံမှု ယမန်နှစ်ကထက်ပို

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o TeaShop o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.