Guest. It's 04:39 PM - Myanmar time. Register or Login | Download Myanmar Font 
World  Printable Version | Mail This | | Comments  
Tags : နာဂစ်,
နာဂစ်ကြောင့် သေဆုံး ၊ ဒဏ်ရာရ ၊ ပျောက်ဆုံးသူ
Posted on May 08 08 - 03:33 PM | Hits : 13466 | Save as PDF
URL : http://www.planet.com.mm/news/read.cfm/id/9627
မေ (၂)ရက် နှင့် (၃) ရက်နေ့တွင် ကျရောက်ခဲ့သော နာဂစ်အမည်ရှိ (ဆိုင်ကလုန်းမုန်တိုင်း) ကြောင့် ရန်ကုန်မြို့အပါအ၀င် အခြားမုန်တိုင်းဒဏ်ခံစားရသော ဒေသများအားလုံး
သေဆုံး ၊ ဒဏ်ရာရ ပျောက်ဆုံးမှုမှာ မေ (၇)ရက်ညနေ ၅နာရီထိရရှိသော စာရင်းများအရ မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံးတွင် ယနေ့အထိ သေဆုံးသူစုစုပေါင်းမှာ ၂၂၉၈၀ ၊ ဒဏ်ရာရသူစုစုပေါင်းမှာ ၁၃၈၃ ဦး ၊ ပျောက်ဆုံးသူ စုစုပေါင်းမှာ ၄၂၁၁၉ ဦးရှိကြောင်းသတင်းရရှိခဲ့သည်။ မော်လမြိုင်ကျွန်း ၊ ဟိုင်းကြီးကျွန်း တို့မှာ လက်ရှိစစ်တမ်းများအရ  အသေအပျောက်အများဆုံး ဒေသများဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများမှာ အိုးမဲ့အိမ်မဲ့ ပျက်စီးမှု အများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသများနှင့် အခြားမုန်တိုင်းဒဏ်ခံစားရသော ဒေသများအားလုံးကို ပြန်လည်ထူထောင်ရေး အတွက်ထိရောက်စွာ လှုပ်ရှားဆောင်ရွက် မှုများပြုလုပ်နေပြီး ဒုက္ခသည် ပြည်သူများကို စာနာထောက်ထားသော နိုင်ငံတကာနှင့် အဖွဲ့အစည်းများ ၊ အိမ်နီးချင်း နိုင်ငံများနှင့်  ပြည်တွင်းမှ မုန်တိုင်းလွတ်မြောက်သော နယ်မြေဒေသ အသီးသီးမှလည်း ငွေကြေးနှင့် လိုအပ်သော ပစ္စည်းများအားလုံးကို ထောက်ပံ့ပေးနေသည်ဟု  သတင်းရရှိပါသည်။
 Printable Version | Mail This | | Comments  
Page: 1 2 3 4
COMMENTS
 စိတ်မကောင်းဘူး
ကိုယ်လဲ မကူနိုင် သူများကူတာကိုလဲ အလွဲသုံးစားလုပ် ။ အဝီစိ ဂျိုးကပ်မဲ. ဟာတွေ ။
 commented by : perfume | posted date : 27/05/2008
လူတွေ သိန်းနဲ့ချီ. . . သေကြေပျက်စီးကြပါတယ်။
သေကံအရောက်သက်မပျောက်သူတွေက . . .
မိမိတို့ရဲ့ ဥစ္စာ စည်းစိမ်နဲ့ မိသားစုဝင်တွေဆုံးရှုံးကြပါတယ်။
ဒီလောက်ဖြစ်နေတဲ့ကြားမှာ တောမီးလောင် တောကြောင်လက်ခမောင်းခတ်တာမျိုးတော့
မလုပ်သင့်ကြပါဘူး။
လူသားချင်း စာနာကူညီကြဖို့ တိုက်တွန်းလိုပါတယ်။
Don't refer to anyone ......... :-P
 commented by : ant1 | posted date : 27/05/2008
 အဓိက.....
အရေးကြီးဆုံးက.....
လှူမှာလား အူမှာလား......ကူမှာလား ဆူမှာလား~ အားပေးမှာလား ဓါးသွေးမှာလား~ ငွေလှူမှာလား လေကူမှာလား~ အသစ်ပြင်မှာလား အပြစ်တင်မှာလား....
ကိုယ်သန်ရာ ကိုယ်လုပ်ပြီးကူကြပါ။
 commented by : rejected | posted date : 21/05/2008
 Funny!!
One funny news, Singapore sent chocolate to the refuges.
 commented by : LuLay01 | posted date : 21/05/2008
 Unknown
အရမ်းကိုယ်စိတ်ညစ်စရာကောင်းပါတယ်
 commented by : nyeinchanyay | posted date : 18/05/2008
 မှားရွင်းမှု
ပုလဲနက်ဝိုင်းတော်သားများခင်ဗျား .... လူသေဆုံးမှု အရေအတွက်မှာ မှားရွင်းနေပါသည်။
 commented by : nyilinwin | posted date : 16/05/2008
 countermyanmar
အားလုံးနဲ့ ထပ်တူဝမ်းနဲပါတယ်ဗျာ
 commented by : countermyanmar | posted date : 16/05/2008
ူသုံးသပ်ချက်
စိတ်ပျက်စရာအရမ်းကောင်းပါတယ်။
 commented by : chitlaymg 1 | posted date : 16/05/2008
အိမ်နီးချင်း နိုင်ငံများနှင့် ပြည်တွင်းမှ မုန်တိုင်းလွတ်မြောက်သော နယ်မြေဒေသ အသီးသီးမှလည်း ငွေကြေးနှင့် လိုအပ်သော ပစ္စည်းများအားလုံးကို ထောက်ပံ့ပေးနေသည်ဟု သတင်းရရှိပါသည်။
အဲတာတွေကုန်ပါပြီ
မင်းတို့ ရောင်းလိုက်လို့ မရှက်ဘူးလား၊
အဲ့ဒီပာာတွေ ၀ယ်တဲ့သူတွေကို အသေတာသတ်ဖို့ကောင်းတယ်... စာနာစိတ်မရှိတဲ့သူတွေ
 commented by : kototegyi | posted date : 16/05/2008
 စေတနာမှန်နဲ့ ကူညီကြပါ
မုန်တိုင်းဒဏ်ခံရတဲ့ပြည်သူတွေကို တကယ်ထိထိရောက်ရောက်ကူညီသင့်ပါတယ်။
ကိုယ်မကူညီချင်ရင်တောင်...သူများကူညီတာကို မနှောက်ယှက်သင့်ပါဘူး။
စေတနာမှန်နဲ့ ကိုယ့်နုငိငံသားတွေကို စောင့်ရှောက်ရင်ကောင်းမှာပဲ။
လေဘေးအတွက် ကူညီတဲ့စားသောက်ကုန်တွေ ဈေးကွက်ထဲရောက်နေတာ အံ့သြစရာပါပဲ။
သမိန်ပေါသွပ်
 commented by : lyn lyn | posted date : 16/05/2008
Post a comment
You must login to comment on planet.
Your Comment (No HTML; Comments are limited to 1500 characters.)
loading...
loading...  
 Related Articles
ကလေးမွေးဖားခဲ့သောအမေရိကန်ယောက်ျားနှင့် ကလေးငယ်အား ဓာတ်ပုံရိုက်ခွင့်ပြု
နိုင်ငံခြားမြီစားနိုင်ငံမှ မြီရှင်နိုင်ငံအဖြစ် တွန်းပို့ခဲ့သူ လူးဝစ်လူလာဒါဆေးဗား
တက္ကဆက်ကမ်းခြေသို့ ဒေါ်လီအမည်ရှိဟာရီကိန်းမုန်တိုင်း ဦးတည်တိုက်ခတ်
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်
ဇင်ဘာဘွေ၌ မူဂါဘီနှင့် အတိုက်အခံခေါင်းဆောင်ဆဗာနာဂီတို့ တွေ့ဆုံ
အမေရိကန်နိုင်ငံ စိန့်လူးဝစ်၌ နေအိမ်မီးရှို့သူနှင့်ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား
ဟူစတန်ပြည်နယ် ကရိန်းကျိုးကျမှုဖြစ်ရပ်အား စုံစမ်းမှုစတင်ပြုလုပ်
ဆားဘီယားသမ္မတဟောင်း ရိုဒိုဗန်ကာရာဒစ်ဇ်ကို ဖမ်းဆီးရမိပြီ
အမေရိကန်သမ္မလောင်းအိုဘားမား၏ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံခရီးစဉ်
ယခုနှစ်မြစ်ရေလျှံမှု ယမန်နှစ်ကထက်ပို
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o TeaShop o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info
Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.