Guest. It's 05:49 PM - Myanmar time. Register or Login | Download Myanmar Font 
  
Smartphone များတွင် Virus သတိရှိရန်လို
Posted on Jul 08 08 - 09:26 AM | Hits : 867 | Save as PDF

 မိုဘိုင်းဖုန်းသုံးစွဲသူများအနေ နှင့်စမတ်ဖုန်းများကို ကိုင်ဆောင် ထားပါက မိမိဖုန်း၏လုံခြုံရေးကို အထူးသတိထားရမည်ဖြစ်ကြောင်း သိရှိရသည်။မိုဘိုင်းဖုန်းများတွင် ၀င်ရောက်လျက်ရှိသောဗိုင်းရပ်စ် များမှာ အမျိုးအစားမျိုးစုံရှိ၍ အချို့ ဗိုင်းရပ်စ်များသည် ဟန်းဆက်၏ speed  ကို လျော့နည်းသွားစေပြီး ကြာလာသည်နှင့် ဖုန်းမကြာခဏ ဟန်းသွားခြင်းများ ဖြစ်လာတတ် ကြောင်း သိရှိရသည်။

““ကျွန်တော့်ဖုန်းက အခုတစ် လော ပါဝါက ပိတ်ပိတ်သွားတတ် တယ်။ ပြီးရင်သိပ်မကြာဘူး။ သူ့ဘာ သာသူပြန်ပွင့်သွားပြီး ကောင်း သွားတယ်။ တစ်ခါဖုန်းပြောနေရင်း နဲ့ ဖုန်းက အလိုအလျောက်ပိတ် သွားတယ်။ ပြီးရင်ဟန်းသွားတယ်။ ဘယ်ခလုတ်မှကို နှိပ်လို့မရတော့ ဘူး။ ပါဝါခလုတ်တောင်နှိပ်လို့မရ တော့တဲ့အထိ ဖြစ်သွားတာမျိုးရှိ တယ်။ ကျွန်တော့်ဖုန်းက Sony Ericsson W850i  အမျိုးအစား ဖြစ်ပြီး သက်တမ်းက ၁ နှစ်ခွဲ လောက်ရှိတယ်။ အဲဒီလိုဟန်းသွား ရင် ဘက်ထရီဖြုတ်ပြီးပြန်တပ် လိုက်ရင် ကောင်းသွားပါတယ်”” ဟု မိုဘိုင်းဖုန်းသုံးစွဲသူ လူငယ်တစ်ဦးမှ သူ့အတွေ့အကြုံကို ရှင်းပြသည်။

““ဟန်းဆက်အများစုက virus  တွေရဲ့ ဒဏ်ကိုအများဆုံးခံရတယ်။ အချို့က မသိကြဘူး။ SD card  မှာ ပါလာတဲ့ memory virus  တွေရဲ့ဒဏ်ကိုလည်း ခံရတယ်။ Nokia  ဖုန်းအချို့မှာလည်း ဟန်း သွားတာတွေ ဖြစ်ဖူးတယ်။ antivirus  နဲ့ Scan Ran  ပြီး clean  ဖြစ်သွားရင် ပြန်ပြီးကောင်း သွားတာကို တွေ့ရတယ်။ အချို့က application  တွေ အများကြီးတင် ထားရင်လည်း ဟန်းသွားတတ် တယ်။ antivirus software  တစ် ခုခုတင်ထားရင် smart phone  တွေအတွက် လုံခြုံနိုင်ပါတယ်”” ဟု service  ပညာရှင်တစ်ဦးမှရှင်းပြ သည်။

Page: 1
Unknown
be posting the article, person concern should be learn abt the article first and post it.
if not everyone will laugh at u for ur false article.
writer should be learn and study abt the IT products first before posting the article.
commented by : KKNK | posted date : 11/08/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.