Guest. It's 02:15 AM - Myanmar time. Register or Login | Download Myanmar Font 
 
  
မုံရွာနှင့်မဒေါက်မြို့ စိုးရိမ်ရေမှတ်ကျော်လွန်၊ ဇူလိုင်မှအောက်တိုဘာလအတွင်း မြစ်ရေကြီးခြင်း အထူးသတိပြုသင့်
Posted on Jul 10 08 - 08:49 AM | Hits : 984 | Save as PDF

မြန်မာနိုင်ငံ၏ မိုးလယ်ကာလဖြစ်သော ဇူလိုင်လနှင့်သြဂုတ်လများအတွင်း ဧရာဝတီမြစ်ရေသည် လက်ရှိရေအမှတ်ထက် (၁၈)ပေအထိလည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် ပေ(၂၀)အထိလည်းကောင်း မြင့်တက်နိုင်သည်ဟု သိရသည်။ မိုးလယ်ကာလတွင် မြန်မာနိုင်ငံရှိမြစ်ကြီးများတွင် မြစ်ရေကြီးရန် အလားအလာနည်းပါးသော်လည်း အခြားသောမြစ်ငယ်များတွင် ရေမျက်နှာပြင်မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နိုင်သည်ဟု ဆိုပါသည်။ မြစ်ကြီးတစ်ခုဖြစ်သော ချင်းတွင်းမြစ်မှာ စိုးရိမ်ရေအမှတ်အနီးအထိ ရေမျက်နှာပြင်မြင့်တက်နိုင်ပြီး မြစ်ငယ်များဖြစ်သော သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ ရွှေကျင်မြစ်တို့မှာ စိုးရိမ်ရေအမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဌာနမှ ပြောကြားပါသည်။ မြစ်ရေကြီးခြင်းနှင့်ပတ်သက်ပြီး သတိထားသင့်သောမြို့များမှာ မဒေါက်မြို့၊ ဘားအံမြို့နှင့် ရွှေကျင်မြို့တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် မြစ်ရေကြီးနိုင်သောကာလ သုံးခုရှိပြီး ပထမကာလမှာ ဇွန်လ၊ ဒုတိယကာလမှာ ဇူလိုင်နှင့်သြဂုတ်လ၊ တတိယကာလမှာ စက်တင်ဘာနှင့်အောက်တိုဘာလအတွင်း ဖြစ်သည်ဟု မိုးလေဝသဌာနမှ တာဝန်ရှိသူက ပြောကြားပါသည်။ ယခုကာလသည် မြစ်ရေကြီးနိုင်ခြင်း ဒုတိယကာလတွင် ရောက်ရှိနေပြီး ထိုကာလအတွင်း မြစ်ငယ်များတွင်သာ ရေကြီးနိုင်ခြေပိုမိုများပြားသော်လည်း တတိယကာလဖြစ်သည့် စက်တင်ဘာနှင့်အောက်တိုဘာလများတွင်မူ မြစ်များအာလုံးတွင် ရေကြီးမှုကို အထူးသတိပြုသင့်ကြောင်း သိရပါသည်။  မြစ်ရေမြန်မာနိုင်ငံတွင် မြစ်ရေကြီးမှုသမိုင်း၌ သံလွင်မြစ်ရေကြီးမှုမှာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလေ့ရှိပြီး အဆိုပါမြစ်ရိုးတစ်လျှောက်နေထိုင်သူများအနေဖြင့် ယခုနှစ်တွင်လည်း သတိပြုသင့်ကြောင်း မိုးလေဝသဌာနမှ ပြောကြားထားပါသည်။ နောက်ဆုံးသိရှိရသော မိုးလေဝသ သတင်းများအရ ချင်းတွင်းမြစ်နှင့်စစ်တောင်းမြစ်တို့၌ မြစ်ရေမျက်နှာပြင်မြင့်တက်နေပြီး မုံရွာမြို့နှင့်မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေကြောင်း သိရပါသည်။

Page: 1
ဇေယျာ
ွှနှစ်စဉ် လိုဖြစ်နေတာကို ကြိုတင် မကာကွယ်နိုင်တာ ဘာ့ကြောင့်ပါလိမ့်

commented by : ufopluto | posted date : 13/07/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.