Guest. It's 11:27 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
ရန်ကုန်မြို့မှနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး မူးယစ်ဆေးဝါးမှုဖြင့်စွဲချက်တင်ခံရ
Posted on Jul 11 08 - 04:07 PM | Hits : 3898 | Save as PDF

မြန်မာနိုင်ငံရှိ လူလတ်ပိုင်းအရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မောင်ဝိတ်နှင့်မိသားစုကုမ္ပဏီပိုင်ရှင် အသက်(၃၅)နှစ်အရွယ် မောင်ဝိတ်နှင့်အပေါင်းအပါ(၆)ဦးကို မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲမှုဖြင့် လမ်းမတော်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ဇူလိုင်လ(၁၀)ရက်နေ့ထုတ် ပြည်တွင်းဂျာနယ်တစ်စောင်တွင် ဖေါ်ပြပါရှိသည်။ မောင်ဝိတ်နှင့်အပေါင်းအပါများသည် ၂၀၀၃ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ မလေးရှားနိုင်ငံသားတစ်ဦးဖြစ်သူ Peter Too Huat Haw(ခ)ပီတာဆိုသူထံမှ ခေါင်းခါဆေးများဟု လူသိများကြသော Ecstasy ဆေးပြားများ အကြိမ်ကြိမ်ဝယ်ယူသုံးစွဲခြင်း၊ အခြားစိတ်ကြွဆေးပြားနှင့် Ketamine ဆေးတို့အား ကိုယ်တိုင်သုံးစွဲသလို ကုမ္ပဏီနှစ်ပတ်လည်နေ့များနှင့် ဧည့်ခံပွဲများတွင် အခြားသူများအား ဖြန့်ဝေ တိုက်ကျွေးခြင်းတို့ ပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။ ယခုအဖမ်းခံရသည့် စာရင်းတွင် မလေးရှားနိုင်ငံသား ပီတာ၊ မောင်ဝိတ်၊ အောင်မင်း၊ နေထွန်းလွင်၊ ကျော်ဖုန်းနိုင်၊ ကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ဝင်းတို့ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်မေလနောက်ဆုံးပတ်တွင် မောင်ဝိတ်ကိုယ်တိုင် ၎င်း၏ကုမ္ပဏီမှ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူထားသော နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းအတွင်းရှိ ဒေသတချို့သို့သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

Page: 1
ဖွာတာကိုး...........
ကုမ္ပဏီနှစ်ပတ်လည်နေ့များနှင့် ဧည့်ခံပွဲများတွင် အခြားသူများအား ဖြန့်ဝေ တိုက်ကျွေးခြင်းတို့ ကိုပြုလုပ်ခဲ့လို့ ( လက်ဖွာခဲ့လို့ ) .........

ကိုယ့်ဘာသာကိုယ်သုံးရင်ဘာမှဖြစ်မှာမဟုတ်ဘူး .................
commented by : kingnoel232 | posted date : 22/07/2008
Blood Is Speaking
ဖမ်း ချင် လို့ ဖမ်း တယ် များ ထင် လား။ သွေး က စကား ပြော လာ တယ် လေ

မြေး ထိ ဒါး ကြည့် ပါ တယ် ။။ ဒါ ကြောင့် ဖမ်း ရ တာ ။။ သူတို့ နဲ့ သိပ် အ စဉ် ပြေ တာ လေ။။

တော် ယုံ နဲ့ တော့ မ ဖမ်း ပေါင်။။
commented by : Tha Gyi Ba Si | posted date : 24/07/2008
"မူးယစ်ဟူသမျှ ရှောင်ကြဉ်ကြ"
မူးယစ်ဆေးသုံးရင်တော့
ငွေဘယ်လောက်ရှိရှိ တစ်နေ့နေ့တော့ ဒုက္ခရောက်နိုင်တဲ့ ဆိုတဲ့ သင်္ကေတတွေပေါ့ဗျာ..။
commented by : moengyo | posted date : 11/07/2008
Ma lay786
Hmmm.

To whom do I really Inspiered in My country so call business men all hav planty of everything... At the end our generation either 30 , 40 ,50 years old people even 70 r turns out to me more useless n lousy. I think Women r more steady then men after all in our history.
commented by : Ma Lay786 | posted date : 12/07/2008
Unknown
မူးယစ်ဆေးကို ဖမ်းမိလိုဖော်ပြ ပေးသိ Planet: News ကိုကျေးဇူးတင်ပါတယ်။
ငွေရှိရင် ဘားမဆို၇တဲ့ လူတွေ့ မကောင်းမူ့ တွေ့ ကို မလုပ်နိုင်အောင် များများရေးပေးပါ။
commented by : hopone | posted date : 13/07/2008
စာနာပေးကြပါနော်


သြော် < အလုပ်အရမ်းလုပ်ပြီးပိုင်ဆိုင်မှုသိပ်ကြီးတာကိုး >

ဒါပေမယ့် လူလေး မင်းသိသင့်ပါတယ်။ ဘယ်အရာမှမတည်မြဲပါဘူး။ အခုမင်းရှိနေတဲ့နေရာလဲမတည်မြဲပါဘူး။
commented by : Phonex | posted date : 13/07/2008
ဇေယျာ
ထုတ်လုပ်သူရှိနေသရွေ့အားပေးသူရှိနေသရွေ့ ရှိနေမှာပါ။


ပင်စည်ကို ခုတ် အမြစ်နှတ်မှ အဟုတ်ရှင်းမှာပါ။
commented by : ufopluto | posted date : 13/07/2008
သာဓက
ထိထိရောက်ရောက် နှိမ်နင်းပေးရင်တော့ မူးယစ်ဆိုတာ ကြားဖူးမှာတောင် မဟုတ်ဖူး

ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ ရတဲ့ လူတိုင်းအတွက်တော့ ဒီ Media လေးက လူတိုင်းအတွက်တော့ သာဓက ဖြစ်နေမှာပါ
commented by : Min Min2004 | posted date : 14/07/2008
မန်းလေပြဲလေ........
မူးယစ်ဆေး မကောင်းဘူးဆိုတာ လူတွေသိကြပါတယ်.....
ဒါပေမယ့် တစ်နေ့ထက်တစ်နေ့ မူးယစ်ဆေးဝါးသုံးတဲ့လူတွေ......
ကမ္ဘာပေါ်မှာ များပြားလာပါတယ်......
commented by : moechotnya | posted date : 14/07/2008
Unknown
i'm v sorry for my bro
commented by : thant lwin | posted date : 17/07/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.