Photo Page Review Page Article Page Style Page Poll Page Guide Page Interview Page Fashion Story Planet : Thingyan - 2008
Guest. It's 09:07 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
 
မန္တလေး မဟာသင်္ကြန်မှာ မြိုင်မြိုင်ဆိုင်ဆိုင်ကနိုင်ဖို့


မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ ပိတ်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ မဟာသင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားတွင် သင်္ကြန်အကများဖြင့် ဖွင့်ရန် ဦးစီးဆောင်ရွက်နေသည်ဟု သိရပါသည်။ မန္တလေးအနုပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညိုညိုဝင်း ၊ မန္တလေးပန်တျာကျောင်းမှ အကနည်းပြ ဦးမြင့်သိန်း ၊ဒေါ်အေးမွန်ဝင်း၊ ဦးမြင့်မိုရ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မထိပ်ထားနှင်း၊ မသန္တာချို ၊ မမိုးသီတာစမ်းအေး နှင့်အဖွဲ့မှ သင်တန်းပို့ချနေကြောင်းသိရသည်။ အဆိုပါအကသင်တန်းအား မန္တလေးမြို့ အထက (၁၆) တွင် မတ်လ (၂၂)ရက်နေ့မှစတင်၍ အထက ၊ အလက ကျောင်းစုစုပေါင်း ၄၀ကျော်မှ ကျောင်းသူပေါင်း (၃၀၀၀) ကျော် နှင့် အကနည်းပြဆရာမများပါ လာရောက်သင်ယူနေကြကြောင်းသိရပါသည်။

သင်္ကြန်အကြိုနှင့် Mr.La Pyayt Wun & Ms. La Pyayt Wun


နှစ်သစ်ကူးအတာသင်္ကြန်ကို ကြိုဆိုသည့်အနေဖြင့် လပြည့်ဝန်းပလာဇာတွင် ကျပ်သုံးသောင်းဖိုးဝယ်ယူသူတိုင်းအားStage Show လက်မှတ်တစ်စောင်ရရှိမည့်အပြင် (၂၈.၃.၂၀၀၈) မှ (၁.၄.၂၀၀၈) အထိ လပြည့်ဝန်းဆိုင်ခန်းများမှ ၅% မှ ၅၀% အထိ discount များဖြင့်ရောင်းချပေးသွားမည်ဟု သိရပါသည်။ (၁၁.၄.၂၀၀၈)တွင် ညနေ ၆နာရီမှ ၁၀နာရီအထိ Sound Square Band နှင့်အတူ ရဲလေး၊ဖိုးကာ၊ ကောင်းမြတ်လေး၊ လင်းနစ်၊ Caution ၊ဆုန်သင်းပါရ်၊ ခင်ဘုဏ်း၊ မို့မို့ဇော်ဝင်း တို့ရဲ့ သီဆိုဖျော်ဖြေမှုနှင့် Mr.La Pyayt Wun & Ms. La Pyayt Wun ရွေးချယ်ဆုပေးပွဲကြီးကို ကြည့်ရှုအားပေးနိုင်ကြောင်း သိရပါတယ်။

SAI SAI မွေးနေ့ Show


နှစ်စဉ် ကျင်းပမြဲဖြစ်သော စာရေးဆရာ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့Show ကို ယခုနှစ်တွင်လည်း တမူထူးခြားစွာ တင်ဆက်သွားဖို့ရှိကြောင်း သိရပါတယ်။ စိုင်းစိုင်းမွေးနေ့ဖြစ်တဲ့ ဧပြီ (၁၀)ရက်နေ့တွင် မျှော်စင်ကျွန်းတွင် ကျင်းပမည်ဖြစ်ပြီး ည (၆)နာရီမှ စတင်မည်ဟုသိရသည်။ ၀င်ကြေးမှာ (၅၀၀၀)ကျပ်ဖြစ်ပြီး ကြိုတင်လက်မှတ်များအား ကရ၀ိတ်ဥယျာဉ်ကမ္ဘာ (ကန်တော်ကြီး) ၊ KO KO beauty salon (လပြည့်ဝန်းပလာဇာ ၊ ဒဂုံစင်တာ၊ ဆရာစံလမ်း၊ စိန်ဂေဟာ စူပါမားကတ်) တို့တွင်ရောင်းချပေးသွားမည်ဟု သိရပါသည်။

DJ သော်သော် နှင့် Remix


၂၀၀၈ သင်္ကြန်ဟာ remix သီချင်းခွေများ အထွက်များဆုံးဟု ပြောရမည်ပင်ဖြစ်သည်။ ယခုလည်း DJ သော်သော်၏ Remix သီချင်းခွေအား Happy world ၌ မတ်လ (၂၂) ရက်နေ့တွင် လက်မှတ်ထိုးရောင်းချပွဲ ကျင်းပခဲ့သည်။Super Star Agency မှမော်ဒယ်များမှ DJ သော်သော်၏ သီချင်းများနှင့် မြူးကြွစွာကပြဖျော်ဖြေခဲ့ပြီး DJ သော်သော်၏ DJ Model များ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ နှင့် Model Show များအား ပရိသတ်ကြီးနှင့်အတူ ပါဝင်စီးမျောခွင့်ရရှိခဲ့သည်။

မန္တလေး T- Home မှာ သူတို့တွေရှိမယ်။


Sony , LG နှင့် TMW မှဖြန်ချီနေသော T-Home Electronic Products များကိုသယ်ယူသူများအား မေတ္တာတုံ့ပြန်သော အနေဖြင့် သင်္ကြန်တွင်းတွင် အနုပညာရှင်များနှင့် တွေ့ဆုံပျော်မြူးနိုင်ရန် အစီစဉ်ကောင်းများ ပြုလုပ်ပေးထားကြောင်း သိရပါသည်။ T - Home မဏ္ဍပ်တွင် ချစ်ကောင်း၊ မျိုးကျော့မြိုင် ၊မာရဇ္ဇ၊ ဖိုးကာ၊ IMP နဲ့ Black Hole၊ တင့်တင့်ထွန်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာ၊ အိမ့်ချစ်၊ လုလု နှင့်ခေမီကိုတို့မှ ပင်တိုင်ဖျော်ဖြေသွားမည်ဟု သိရပါသည်။ ရင်ဂို၊ ဂရေဟမ်၊ Lလွန်းဝါ၊ ခင်ဘုဏ်း၊ ရွှေထိုက်၊ ရှင်ဖုန်း၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်နှင့် Jenny တို့မှလာရောက်သီဆိုမည်ဟု သိရပါသည်။ အဆိုပါဖျော်ဖြေသူများအား ဥကာဦးသာ ၊ ကျင်ခန်းဖုန်း၊ စိုးသီဟနှင့် အောင်သူတို့မှ တီးခတ်ပေးသွားမည်ဟု သိရပါသည်။

လယ်တီဝိပဿနာအထူးတရားပွဲ (နာဂလှိုဏ်ဂူ) တွင်သင်္ကြန်တွင်းပြုလုပ်မည်


သင်္ကြန်အခါတွင် လယ်တီဝိပဿနာ၏ အထူးတရားစခန်းပွဲကို နာဂလှိုဏ်ဂူ ဘုရားကုန်းမြေ ကလေးဝတောရ စာသင်တိုက် သုကုမာရကျောင်းဆောင်ကြီးတွင် ၁၃၆၉ခု နှောင်းတန်ခူးလဆန်း ၈ရက် (၁၃.၄.၂၀၀၈) သောကြာနေ့ ညနေ(၄)နာရီတွင် စတင်ဖွင့်လှစ်မည်ဟု သိရပါသည်။ ယောဂီသူတော်စင်များသည် ဖုန်းနံပါတ် (၆၆၃၉၄၅ ၊ ၆၅၁၀၆၄၊ ၆၆၀၇၉၈) တို့နှင့်ဆက်သွယ်၍ စာရင်းများပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါသည်။ ရဟန်း၊ သာမဏေ၊ သီလရှင်ဘ၀ဖြင့် တရားအားထုတ်လိုသူများ အနေဖြင့် ၁၀.၄.၂၀၀၈ နံနက်တွင် အရောက်လာ၍ ပြလုပ်နိုင်ကြောင်းသိရပါသည်။

သင်္ကြန် နှင့် ရူးသွပ်သွားမယ်


သင်္ကြန်သီချင်းများ ပါဝင်သော ရူးသွပ်သွားမယ် တေးစီးရီးကို ထင်းရှုးရိပ်တေးသံသွင်း နှင့် အောက်စီဂျင် တေးသံသွင်းတို့မှ ပူးပေါင်းတင်ဆက်ထားကြောင်း သိရပါတယ်။ အဆိုပါစီးရီးတွင် Hip Hop & R&B Nine New Songs များပါဝင်ပြီး ဂျေမီ၊ ထွန်းထွန်း (Example)၊ သီရိဆွေ၊ ၀ိုင်းစုခိုင်သိန်း ၊ ဘိုလေး၊ ဒီးဒီ နှင့် မိုးဟေကို တို့ပါဝင်သီဆိုထားပြီး ထွဋ်ခေါင်တေးထုတ်လုပ်ရေးမှ စတင်ဖြန်ချီနေပြီဟု သိရပါသည်။

သားစိုးဘာတွေ မွှေဦးမလဲ


အဆိုတော်သားစိုးမှ Vitaco ၏ပံ့ပိုးမှုဖြင့် ရောလို့သမလို့မွှေတဲ့ည ဟုအမည်ပေးထားသော Live Show ဖျော်ဖြေပွဲကြီးကို ဧပြီ ၅ရက်နေ့တွင် ရန်ကုန်ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ပြီး၊ ဧပြီ (၁၁)ရက်နေ့တွင် မန္တလေး 78th Shopping Mall အပေါ်ဆုံးထပ်တွင် ကျင်းပသွားမည်ဟု သိရပါသည်။ Live Show ပွဲတွင် ရောလို့သမလို့မွှေ၊ ရောချင်ရော မရောချင်နေ၊ ဖအေတူ မအေတူ၊ အမွှေ စတဲ့အခွေများထဲမှ အကောင်းဆုံးတေးများကို သီဆိုဖျော်ဖြေသွားမည် ဟုသိရပါသည်။ ဘာဘူ၊ အဲလက်စ်၊ ကျားပေါက်၊ ရန်ရန်ချန်း၊ Lဆိုင်းဇီ ၊ ရွှေထိုက်၊ ကွိကွိ၊ မို့မို့၊ ဗုံဘုံ၊ ကိကီ၊ ခိုင်ပွင့်၊ DJ အာကာဘို တို့နှင့်အတူ တွဲဖက်ဖျော်ဖြေသွားမည် ဟု သိရပါသည်။

 
   
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.