မဏ္ဍပ်တစ်ခု ဘယ်လိုဆောက်ကြမလဲ
ရန်ကုန်မြို့ရဲ့ စိတ်အေးချမ်းစွာဆော့ကစားနိုင်မယ့်နေရာတွေမှာ….
ကန်တော်ကြီး၊ အင်းယားကန်တို့လိုမျိုး ရေအလုံလောက်ရနိုင်မယ့် နေရာတွေမှာ မဏ္ဍပ်တွေ မဏ္ဍပ်တွေနဲ့ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနေတဲ့….. လူငယ်တွေ…. လူရွယ်တွေ….. အစုံအစုံပါပဲ….
အလိုလိုကြည့်ပြီး ကိုယ်တိုင်မပါဝင်နိုင်ရင်တောင် ပျော်ရွှင်မှုကို ကူးစက်ပျံ့ပွားပေးနိုင်တဲ့…. မဟာသင်္ကြန်ပွဲတော် မှာ စိတ်ဝင်စားတဲ့အရာတွေအများကြီးပါဝင်တယ်… လူငယ်တွေဟာ…. ပျော်ရွှင်မှုကို နှစ်သက်စွာခံယူကြသလို နှစ်သက်စွာဖန်တီးယူကြတယ်…. ဘယ်လိုပဲဖြစ်ဖြစ်…. ဒါဟာလူငယ်ပါပဲ…..
လူငယ်တွေနဲ့ စီးဝင်ကြည့်တယ်…. တက်ကြွစွာနဲ့ တစ်ပိုင်တစ်နိုင် မဏ္ဍပ်တွေဆောက်လုပ်ဖို့ စိုင်းပြင်းနေကြတဲ့ လူငယ်တွေ…. သူတို့မှာ…. အရာအားလုံးကို ပြုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေရှိနေတယ်… ဒီတော့ …. သူတို့ဘယ်လိုဖန်တီးယူကြသလဲ…..
အင်းယားလမ်းမကြီးတစ်ခုမှာ မဏ္ဍပ်တစ်ခုတည်ဆောက်နေတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့နဲ့တွေ့တယ်…. သူတို့ရဲ့ စကားတွေကို….. လေ့လာကြည့်ရအောင်…
ပထမဆုံးတော့ ၀ါသနာတူ စိတ်တူ တစ်သွေးတည်းဖြစ်နေတဲ့ သူငယ်ချင်းတွေ စုပေါင်းလုပ်ကြတယ်… အားလုံးတိုင်တိုင်ပင်ပင်နဲ့ပေါ့…. မဏ္ဍပ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကြော်ငြာအရင်လုပ်တယ်… လက်ကမ်းစာစောင်တွေလုပ်တယ်… လက်မှတ်တွေလုပ်ရတယ်… လက်မှတ်တွေကို အပြင်မှာလည်းရောင်းတယ်… အွန်လိုင်းမှာလည်းရောင်းတယ်… နောက်တော့ ဒီဇိုင်းလုပ်တယ်…. DJ တွေ ၊ Speaker တွေငှားဖို့ ကိစ္စတွေလုပ်တယ်…. နောက်တော့ ရေပိုက်တွေငှားရမ်းဖို့အတွက် လုပ်ရပါတယ်.. အားလုံးရလောက်တယ်ဆိုရင်တော့ Sponsor ရှာရပါတယ်… Sponsor က ကိုယ့်အသိကျွမ်းထဲကနေ ရတာမျိုးရှိသလို Sponsor ရှာပေးတဲ့ Agency နဲ့တွဲလုပ်ပြီးရှာရတာမျိုးလည်းရှိတယ်။ Sopnsor ရဖို့ဆိုတာကလည်း ကိုယ့်ရဲ့ မဏ္ဍပ်ရဲ့ အရည်အသွေးနဲ့လည်းဆိုင်တယ်… သူတို့ အကျိုးတူပူးပေါင်းတဲ့ ကိစ္စမျိုးဖြစ်လို့ ကိုယ့်ဘက်ကလည်း Sponsar တွေကိုပြန်ပေးရတာမျိုးရှိတယ်။ ဥပမာ လက်ကမ်းစာစောင်တွေမှာ ထည့်ပေးတာမျိုး၊ ကြော်ငြာဘုတ်တွေမှာ ထည့်ပေးတာမျိုး၊ မဏ္ဍပ်မှာ Sponsar ကြော်ငြာချင်တာကို ထင်ထင်ရှားရှားကြော်ငြာပေးထားတာမျိုး၊ လက်မှတ်တွေကို လက်ဆောင်ပေးတာမျိုးတွေ ပြန်လုပ်ပေးရပါတယ်။ Sponsor လည်းရပြီဆိုရင်တော့ ပါမစ်လျှောက်ရပါတယ်။ ပါမစ်ကြပြီဆိုရင်တော့ ဆောက်လုပ်ရေးသမားတွေနဲ့ ညှိနှိုင်းပြီး လိုချင်တဲ့ မဏ္ဍပ်ဒီဇိုင်းမျိုးလုပ်ချင်လုပ်၊ဒါမှမဟုတ် သစ်တွေကိုငှားရမ်းပြီး လက်သမားတွေနဲ့ လိုချင်တဲ့ မဏ္ဍပ်ကိုလုပ်လို့ရပါတယ်။ သင်္ကြန်တွင်းမှာ မဏ္ဍပ်တွေကို မနက် ၈နာရီကနေ ညနေ(၆)နာရီထိအချိန်သတ်မှတ်ပေးထားပြီး လိုအပ်ရင်အချိန်မရွေးသီချင်းတွေ နားဆင်နိုင်ဖို့ မီးစက်တစ်လုံးကလည်း အဆင်သင့်ဆောင်ထားဖို့လိုအပ်ပါတယ်။ မဏ္ဍပ်တစ်ခုလုံးတွက် စုစုပေါင်းကုန်ကျစရိတ်ကတော့ သိန်း ၁၄၀ ကနေ ၁၆၀ ကြားလောက်မှာရှိပါတယ်။ ပျော်ရွှင်ဖို့ဦးစားပေး လုပ်တဲ့သူတွေအတွက်ကတော့ များသောအားဖြင့် အရင်းကြေဖို့တောင် မလွယ်ပါဘူး…။ အမှန်အကန် နာမည်ကြီးအနုပညာရှင်တွေရဲ့ မဏ္ဍပ်တွေဆိုရင်တော့ ကုန်ကျစရိတ်ကျေရုံအပြင် အပိုဝင်ငွေဝင်နိုင်မယ် ထင်ပါတယ်။
ကဲ…. ဒီလောက်ဆိုရင် မဏ္ဍပ်တွေတည်ဆောက်ဖို့အတွက် ဘာတွေလိုအပ်တယ်ဆိုတာမျိုးလောက်တော့ Planet user တွေသိနိုင်လောက်ပါတယ်။