သင်္ကြန်မှာအတူတူကဲမယ့်ချစ်သူစုံတွဲလေးတွေအတွက်ပါ… planet က ထူးထူးခြားခြားလေး တင်ဆက်ပေးထားတာပါ…။ ခေတ်သမီးပျိုလေးတွေမျက်စိစားပွဲကျနေတဲ့ အောင်ရဲလင်းဆိုတဲ့ မင်းသားအသစ်လေးနဲ့…. ကာလသားလေးတွေကော ကာလသားကြီးငယ်လတ်မရွေး သဘောကျနှစ်သက်စွာအားပေးတဲ့ မင်းသမီးလေး… ကိုးရီးယားမင်းသမီးလေးလို့ ထင်မှားရလောက်တဲ့ မင်းသမီးငယ်လေးပါ….. သူက ၀တ်မှုန်ရွှေရည်ဆိုတဲ့ ပန်းကလေး…. အမျိုးသမီးလေးတွေကလည်း လည်ပြန်ငေးလောက်အောင်လှတယ်…. နဂိုလှပြီးသားလေးကို Revlon အလှကုန်တွေနဲ့ ပြိုင်သူငေးအောင် ပြင်ပေးထားတယ်…. သူတို့နှစ်ယောက်ကို planet couple fashion မှာ တွဲပေးလိုက်ပါတယ်…. Nobody ဂျင်း နဲ့ Nobody အင်္ကျီ ခပ်မိုက်မိုက်လေးတွေ ဆင်ပေးထားတယ်… ဒီပုံလေးတွေထဲမှာ လွတ်လပ်မှုတွေ၊ ပေါ့ပါးမှုတွေ၊ လိုက်ဖက်မှုတွေ၊ နုပျိုမှုတွေ ၊ ချစ်ခင်မှုတွေ၊ အများကြီးပါဝင်တယ်… နွေဆိုတာ ပူလောင်ပေမယ့် ပေါ့ပါးမှုကိုအစွမ်းကုန်ချဲ့ထွင်နိုင်တဲ့ ရာသီတစ်ခုဖြစ်တယ်။ ဒီတော့ သင်္ကြန်မှာ လွတ်လွတ်လပ်လပ်နဲ့ လှတပတလေးကဲချင်တဲ့ Fashion စုံတွဲတွေရှိတယ်… ဒီတော့ ဒီထဲမှာထူးခြားမှုတစ်ခုခုကို တွေ့အောင်ရှာကြည့်ကြရအောင်နော်….
ဓါတ်ပုံ - လမင်းနိုင်
မော်ဒယ် - အောင်ရဲလင်း ၊ ၀တ်မှုံရွှေရည်
မိတ်ကပ် - Revlon
ဝတ်စုံ - NoBody
|